Social Distancing နှင့်အညီ ပညာသင်ကြားနေမှုကို စံချိန်စံညွှန်းများနှင့်အညီ ပြင်ဆင်ဆောင်ရွက် ထားရှိမှုများအား စစ်ဆေးဆောင်ရွက်

မြို့လှ သြဂုတ် ၁၂

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မြို့လှမြို့ အခြေခံပညာ အထက်တန်းကျောင်းသို့ ယနေ့နံနက် ၁၀ နာရီက ကိုဗစ်−၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးမြို့အဆင့် လုပ်ငန်းကော်မတီအဖွဲ့သည် Social Distancing နှင့်အညီ ပညာသင်ကြားနေမှုနှင့် စံချိန်စံညွှန်းများ နှင့်အညီ ပြင်ဆင်ဆောင်ရွက် ထားရှိမှုများ အခြေအနေများကို စစ်ဆေး ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး မြို့အဆင့် လုပ်ငန်းကော်မတီဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးထွန်းလွင်၊ မြို့လှဆရာဝန် ဒေါက်တာ မင်းပိုင်သန်းဋ္ဌေးနှင့် ဝန်ထမ်းများက Social Distancing  နှင့်အညီ ပညာသင်ကြားနေမှု အခြေအနေများကို လှည့်လှည်စစ်ဆေးခြင်း၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်တားဆီးရေးဆိုင်ရာ အသိပညာပေး ဟောပြောခြင်းများ၊ သတ်မှတ်စံချိန်စံညွှန်း နှင့်အညီ ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေများကို စစ်ဆေးခြင်း၊ လိုအပ်သည်များကို ဆွေးနွေး အကြံပြုခြင်းများ ဆောင်ရွက်ခဲ့ပြီးနောက် ဒေါက်တာ မင်းပိုင်သန်းဋ္ဌေးက လက်ဆေး ဆပ်ပြာများ လှူဒါန်း ပေးအပ်ခဲ့ရာ ကျောင်းအုပ်ဆရာကြီး ဦးသက်ဦးကြွယ်က လက်ခံရယူခဲ့သည်။

ဆက်လက်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနဝန်ထမ်းများက ကိုဗစ်-၁၉ မပြန့်ပွားစေဖို့ မိမိကစ၍ ကာကွယ်စို့သတင်းစကားလက်ကမ်းစာစောင်အတွဲ() အမှတ်()၊အတွဲ() အမှတ်() များကို  ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

ကျော်မင်းနိုင်(ပြန်/ဆက်)