ဘုရားသုံးဆူမြို့၌ အသက်(၆၅)နှစ်နှင့်အထက်‌ ဒေသခံပြည်သူများ၊ သံဃာတော်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံ

ဘုရားသုံးဆူ   သြဂုတ်   ၁

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့ (အ.ထ.က) ကျောင်းတွင် ယနေ့နံနက် ၈ နာရီက မြို့အုပ်ချုပ်ရေးမှူး ဦးဇော်မိုး၊ တိုက်နယ်ဆရာဝန် ဒေါက်တာမင်းစအိုင်းမွန်နှင့် ကျေးလက်ကျန်းမာရေး အဖွဲ့များက အသက်(၆၅)နှစ်နှင့် အထက်အသက်ကြီးသူမိဘပြည်သူများ၊ သံဃာတော်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများ ဦးစားပေးထိုးသင့်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Vaccine(Vero cell)ကို စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံမှုများ ဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံရန် လာရောက်သည့် အသက်(၆၅)နှစ် နှင့်အထက်၊ ဒေသခံပြည်သူများ၊ သံဃာတော်များနှင့်ဌာနဆိုင်ရာဝန်ထမ်းများ အား စာရင်းရေးသွင်းခြင်း၊ သွေးပေါင်ချိန်ပေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေး စစ်ဆေးခြင်းနှင့် ကာကွယ် ဆေးထိုးရန် ကျန်းမာရေးကောင်းမွန် သူများကိုသာ‌ ကာကွယ်ဆေး ထိုးနှံပေးခြင်း၊ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ သက်ဆိုင်ရာ ကျန်းမာရေးဌာနဝန်ထမ်းများ၊ သက်ဆိုင်ရာမြို့ ကိုဗစ်-၁၉‌ရောဂါထိန်းချုပ်‌ ရေးနှင့် အရေးပေါ်တုံ့ပြန်‌ရေးကော်မတီ တာဝန်ရှိသူများက ဆောင်ရွက်ပေးခဲ့သည်။

ဘုရားသုံးဆူမြို့တွင်  ကိုဗစ်-၁၉ကာကွယ်ဆေး ယခုအကြိမ်၌ ကာကွယ်ဆေးလုံးရေ (၁၅၀) လက်ခံရရှိထားပြီး ကာကွယ်ဆေးတစ်လုံးလျင် လူဦးရေ(၂)ဦးနှုန်းဖြင့် စုစုပေါင်း လူဦးရေ (၃၀၀)ဦးအားထိုးနှံပေးခဲ့ပြီး ကာကွယ်ဆေး ထိုးရန် ကျန်ရှိနေသူများအား ကာကွယ်ဆေးရသည့်အခါ ထမ်မံထိုးနှံသွားမည် ဖြစ်ကြောင်း သိရသည်။

ဘုရားသုံးဆူ(ပြန်/ဆက်)