နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုရေကရေစီ အထွထွေရွေးကောက်ပွဲဆိုင်ရာ ပိုစတာဖြန့်ကပ်ခြင်းနှင့် လက်ကမ်းစာစောင် ဖြန့်ဝေခြင်း လုပ်ငန်း ဆောင်ရွက်

လဟယ်  သြဂုတ်  ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆိုင်ရာ ပိုစတာကပ်ခြင်းနှင့် လက်ကမ်းစာစောင် ဖြန့်ဝေခြင်း လုပ်ငန်းကို ယနနေ့နံနက်ပိုင်းတွင် လူစည်းကားရာ မြို့နယ်စည်ပင် ယာယီအခွန်မဲ့ ဈေးနှင့် လဘ္ဘက်ရည်ဆိုင်များ ဈေးဆိုင်များသို့ မြို့နယ်ရွေးကောက်ကော်မရှင်က ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ရွေးကောက်ပွဲကော်မ‌ရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ မြို့နယ်ရွေး ကောက်ပွဲကော်မရှင် ဦးစီးအရာရှိ ဒေါ်နင်းဟေမာန်လွင်နှင့် ဝန်ထမ်းများက ရွေးကောက်ပွဲ ကော်မရှင်မှ ထုတ်ဝေသောပိုစတာနှင့် လက်ကမ်းစာစောင်များကို ပြည်သူများလက်ထဲ အရောက် ဖြန့်ဝေပေးခဲ့သည်။

အဆိုပါပိုစတာနှင့် လက်ကမ်းစာစောင်များတွင် မဲဆန္ဒရှင်အမည်စာရင်းပါမပါ အခုပဲမဲရုံသို့ သွားကြည့်ပါ၊ မဲပေးနိုင်ဖို့အတွက် သင့်နာမည်ဟာမဲဆန္ဒရှင်စာရင်းတွင်ပါဝင်ရမည်၊ မကြာခဏ မေ့လေ့မေ့ထရှိသော မဲစာရင်းဆိုင်ရာမေးခွန်းနှင့် အဖြေများ စသည့်အကြောင်းအရာများ ပါဝင်ပြီး ပိုစတာများကိုလူများမြင်နိုင်သည့် ဈေးဆိုင်၊လဘ္ဘက်ရည်ဆိုင်၊ ယာယီအခွန်မဲ့ဈေးနှင့် ပြန်/ဆက်ဌာန နံရံကပ်များတွင် ဆိုင်းဘုတ်များတွင် ကအ်ထားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

ပါမင်းလှိုင်(ပြန်/ဆက်)