ဘားအံ ဇူလိုင် ၃၁
ကရင်ပြည်နယ်အတွင်း ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ထိုးနှံပေးမည့်အစီအစဉ်နှင့်ပတ်သက်ပြီး ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဦးကျော်စိုးနှင့် တွေ့ဆုံမေးမြန်းမှု အခြေအနေကို တင်ပြလိုက်ရပါသည်။
မေး။ ကရင်ပြည်နယ်မှာ ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးမည့် အခြေအနေ များကိုလည်း သိလိုပါတယ်။
ဖြေ။ ကရင်ပြည်နယ်မှာ ဒုတိယအကြိမ်ထိုးနှံမည့် Sinopharm ဆေးဟာ ကရင်ပြည်နယ်ကို (၂၉-၇-၂၀၂၁)ကရောက်ရှိပါတယ်။ ကရင်ပြည်နယ်မှာ ဒီတစ်ပတ် ပထမဦးဆုံးရမှာက အလုံး ပေါင်း ၂၇၅၀၀ လုံးဖြစ်ပါတယ်။ ပထမဦးဆုံး အနေနဲ့ အလုံး၈၀၀၀ ရောက်ရှိပြီး ရောက်ရှိ လာတဲ့ဆေးများကို ဘားအံ (၃၀၀၀)၊ မြဝတီ(၂၀၀၀)၊ ကော့ကရိတ်(၁၀၀၀)၊ လှိုင်းဘွဲ (၁၀၀၀)၊ ကြာအင်းဆိပ်ကြီး(၁၀၀၀)လက်ရှိ ဖြန့်ခွဲ ထားပြီးဖြစ်ပါတယ်။ ကမမောင်းကိုလဲ ဘားအံ ခွဲတမ်းကနေ ခွဲပြီးထိုးသွားပေးမှာ ဖြစ်ပါတယ်၊ ထိုးတဲ့နေ့ရာမှာတော့ မြို့နယ်တွေ မှာတစ်မြို့ နယ်စီကိုနေရာ (၁၀)နေရာ စီခွဲပြီးထိုးစဉ်ဆက်မပြတ်ထိုးနှံပေး သွားမှာဖြစ်ပါ တယ်၊ ဆေးရဲ့ ထားသိုနိုင်မှုအခြေအနေအရ (၈၀၀၀) စတင်ယူဆောင်ပြီးတော့ ထိုးပေးတာ ဖြစ်ပါတယ်။ ဒီဆေး အလုံး(၈၀၀၀)ကုန်သွားတာနဲ့ နောက်ထပ်(၈၀၀၀)ကို ကရင်ပြည်နယ်မှ ရရှိမည့် ဆေးလုံးရေ မပြည့်မချင်း စဉ်ဆက်မပြတ်သယ်ယူပြီးတော့ ပြည်သူလူထုကို ကိုဗစ်-၁၉ ကာကွယ် ဆေးကို effective ရအောင် အချိန်နှင့်တစ်ပြေးညီ နှစ်ပတ်အတွင်းမှာ ပြည်သူလူထုကို အင်တိုက်အားတိုက်နဲ့ ထိုးနိုင်ဖို့အတွက် ဌာနဆိုင်ရာ တွေကော၊ Volunteer ကော အားလုံးပေါင်းစပ်ပြီးတော့ အချိန်နှင့်တပြေးညီ ထိုးသွားပေးဖို့အတွက် ဆောင်ရွက် ထားရှိပြီး ဖြစ်ပါတယ်။ ကိုဗစ်ကာကွယ်ဆေးထိုးနှံနိုင်ရေး ပြည်သူလူထုကို နှိုးဆော် လျက်ရှိသလို ဆေးထိုးတာ နဲ့ပတ်သက်ပြီး ဆောင်ရွက်မည့် ဌာနဆိုင်ရာများနှင့် ကူညီမည့် သူတွေကိုပါ အားလုံး ညှိနှိုင်းဆောင်ရွက်ပေးထားပြီး ဖြစ်ပါတယ်၊ ဒီနေ့ကစပြီး ဘားအံမှာ ထိုးနှံသွားမှာ ဖြစ်ပါတယ်။
မေး။ ကာကွယ်ဆေးထိုးနှံတဲ့နေရာမှာ ဘယ်လိုလူမျိုးတွေကို ဦးစားပေး ထိုးနှံပေးသွားမယ် ဆိုတာ သိလိုပါတယ်။
ဖြေ။ ဦးစားပေးဦးတည်အုပ်စုကို (၁၂)အုပ်စု နဲ့ခွဲထားပြီး ဦးစားပေးအလိုက် အသက် (၆၅)နှစ်နှင့် အထက်တွေရယ်၊ အစိုးရ/ပုဂ္ဂလိက ကျန်းမာရေး ဝန်ထမ်း တွေရယ်၊ ပရဟိတ Volunteer အဖွဲ့တွေရယ်၊ ဘိုးဘွားရိပ်သာမှာနေထိုင်တဲ့ ဘိုးဘွား တွေရယ်၊ ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်း၊ ဘာသာရေးကျောင်းတွေရယ်၊ ဆင့်ကဲဆင့်ကဲ အနေနဲ့ နိုင်ငံဝန်ထမ်းတွေပါ အပါ ခွဲဝေထိုးနှံပေးသွားမှာဖြစ်ပါတယ်။
မေး။ ကရင်ပြည်နယ်အတွင်းမှာရှိတဲ့ မြို့နယ်တွေမှာ ကာကွယ်ဆေးထိုးနှံမည့်နေရာ၊ နေ့ရက်၊ အချိန်တွေကို ပြည်သူတွေသိရှိအောင် ကြေငြာပေးမဲ့အစီအစဉ်တွေများရှိပါသလား။
ဖြေ။ ကာကွယ်ဆေးထိုးဖို့ ညွှန်ကြားချက်ရရှိတဲ့အချိန်ကစပြီး နာမည်စာရင်းကောက်တာ ၊ နာမည် စာရင်းသွင်းဖို့အတွက် ဘယ်လိုပြုစုရမလဲဆိုတာကို သက်ဆိုင်ရာဌာန အားလုံးကိုညွှန်ကြား ပြီး ဖြစ်ပါတယ်။ သူတို့ဆီကနေ စာရင်းပြုစုလာပြီးတာနဲ့ ထိုးရမဲ့နေရာမှာ ဆေးထိုးနှံနိုင် ဖို့ ချိတ်ဆက် ဆောင်ရွက်ထားပြီးဖြစ်ပါတယ်။
မေး။ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပြီးပါက ထပ်မံ ထိုးနှံပေးမည့် အစီအစဉ်များရှိရင်လဲ သိလိုပါ တယ်။
ဖြေ။ ရှိပါတယ်၊ ၅၅၀၀၀ပြီးရင် နောက်ထပ် ၅၅၀၀၀ ရောက်ရှိလာမှာဖြစ်ပါတယ်၊ စဉ်ဆက်မပြတ် ဆက်တိုက် ထိုးနှံပေးသွားမှာဖြစ်ပါတယ်၊
မေး။ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပြီးရင် ကရင်ပြည်နယ်အနေနဲ့ လူဦးရေဘယ်လောက်ကို ထိုးနှံပြီး လွှမ်းခြုံနိုင်မှုအခြေအနေကို ပြောပေးစေလိုပါတယ်။
ဖြေ။ လွှမ်းခြုံနိုင်မှုနဲ့ပြောရရင် နှစ်မျိုးရှိပါတယ်။ပထမတစ်မျိုးက အရင်ထိုးသွားတဲ့ COVIDSHIELD ကိုကရင်ပြည်နယ်အတွင်းမှာ တိတိကျကျ စာရင်းအရဆိုရင် ဝန်ထမ်းတွေ ကော ပြည်သူတွေ ကောလူဦးရေ ၅၀၀၀၀ ကျော်ထိုးနှံပြီးဖြစ်ပါတယ်။ အခု ဒုတိယအကြိမ် Sinopharm ထိုးမဲ့ ၅၅၀၀၀နဲ့ ဆိုရင် ကရင်ပြည်နယ်အတွင်းမှာ လူဦးရေ (၁)သိန်းကျော် ထိုးနှံပြီးမှာဖြစ်ပါတယ်၊
မေး။ ကရင်ပြည်နယ်မှာ ဒုတိယအကြိမ် ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံပေးမည့် အခြေအနေ နဲ့ပတ်သတ်ပြီး ဒေသခံပြည်သူများသိရှိအောင် ဖြည့်စွက်ပြောကြားပေးစေ လိုပါတယ်။
ဖြေ။ ဒေသခံပြည်သူတွေကို အဓိကပြောချင်တာကတော့ ဒီကိုဗစ်-၁၉ကာကွယ်ဆေးကို လူတိုင်း လူတိုင်း မဖြစ်မနေထိုးသင့်ပါတယ်၊ မိမိရဲ့အသက် ၊ မိမိရဲ့ပတ်ဝန်းကျင် မိမိရဲ့မိသားစု ကို ဘဝကို ကယ်တင်ရာလဲ ရောက်ပါတယ်။ ဒါကြောင့်မို့ မဖြစ်မနေ ကာကွယ်ဆေးကို ထိုးသင့်ပါ တယ်၊ ဒီဆေးက အသက်ကယ်ဆေးပါဘဲ၊ ဖြစ်မှ ဆေးကုတာ ထက်စာရင် ဒီဆေး ကို ထိုးထားရင်မိမိမှာ ဒီပိုး အချိန်အခါအရ ဝင်ရောက်လာပါက အဲ့ဒီဒဏ်ကို ခံနိုင်ရည်ရှိမှာ ဖြစ်ပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ အနေအထားမှာ ဆိုရင်လည်း အသက်ကြီးသည်ဖြစ်စေ ငယ်သည် ဖြစ်စေ ခက်ခက်ခဲခဲနဲ့ သေဆုံး သွားတဲ့သူတွေဟာ ကိုဗစ်-၁၉ ကာကွယ်ဆေး တစ်မျိုးမျိုးကို မထိုးတာတဲ့ လူတွေဖြစ်နေတာ အများဆုံး တွေ့ရပါတယ်။ ဒါကြောင့်မို့ ပြည်သူများအနေဖြင့် မည်သည့်နေရာဒေသမှာဘဲဖြစ်ဖြစ် ကိုဗစ်-၁၉ ကာကွယ် ဆေးထိုး ပေးမယ်ဆိုရင် ရအောင်ထိုးကြပါလို့ တိုက်တွန်းပြောကြားလိုပါတယ်။
ဒေါ်ခင်စောလင်း
ဒေါ်စိုးစိုးအေး