လက်ပံတန်းမြို့ နယ်အတွင်းရှိပြည်သူများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေး

လက်ပံတန်း. ဇူလိုင် ၃၁

 ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့ မြို့နယ်တွင်ဒေသခံပြည်သူ များအား ယမန်နေ့မှ စတင်ကာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သူနာပြု ဆရာမများနှင့် တာဝန်ရှိသူတို့က မြို့နယ်ပြည်သူ့ဆေးရုံ၌ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေး စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

လက်ပံတန်းမြို့ နယ်တွင်  ဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို စုရပ် (၁၀) ရပ်သတ်မှတ်ကာ ကိုဗစ်-၁၉ ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ ကာကွယ် ဆေးထိုးနှံပေးသွားမည်ဖြစ်ကြောင်းသိရသည်။ ကာကွယ်ဆေးထိုးနှံပေးနိုင်ရေး အတွက် ပထမဦးစားပေးထိုးပေးအနေဖြင့် အသက် ၆၅ နှစ်အထက် အသက်အရွယ် ကြီးသူများ၊ ကိုဗစ်၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းတွေမှာ တာဝန်ထမ်း ဆောင်နေသော ကာကွယ်ဆေးမထိုးရသေးသော ကျန်းမာရေးဝန်ထမ်းများနှင့် ပုဂ္ဂလိက ကျန်းမာရေး ဝန်ထမ်းများ၊ ကိုဗစ်၁၉ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်း တွေမှာ ကူညီဆောင်ရွက်နေကြတဲ့ လူမှုကူညီရေးပရဟိတအသင်းများက စေတနာ့ ဝန်ထမ်းများနှင့်ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနကသတ်မှတ်ထုတ်ပြန်ထားတဲ့ ဦးစီးပေးအစီအစဉ်တိုင်း ကာကွယ်ဆေးထိုးနှံပေးနိုင်ရေး ကိုဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ယမန်နေ့နံနက်၉နာရီမှ နေ့လည်တစ်နာရီအထိပြည်သူ့ဆေးရုံတွင် အသက် ၆၅ နှစ်အထက်အသက် အရွယ်ကြီးသူ(၃၃)ဦး၊.အစိုးရ/   ပုဂ္ဂလိကကျန်းမာရေးဝန်ထမ်း (၁)ဦး၊ပရဟိတအသင်းများမှ(၁)ဦး၊နိုင်ငံ့ဝန်ထမ်း(၈၇)ဦး၊ဝန်ထမ်းမိသားစု(၇)ဦး၊ပုဂ္ဂလိကပို့ဆောင်ရေးလုပ်ငန်းမှ(၁)ဦးစုစုပေါင်း(၁၂၉)ဦးအား ထိုးနှံပေးခဲ့‌ပြီးဖြစ်ကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဘုန်းလှိုင်နှင့် အဖွဲ့ဝင်များ၊ ကာကွယ်ဆေးထိုး ကြီးကြပ်အဖွဲ့၀င်များနှင့် တာဝန်ရှိသူများတို့က လိုအပ်သည်တို့ကို ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ဝင့်နန္ဒာဌေး