ကော့သောင်း-ဘုတ်ပြင်းလမ်းမကြီးပုံမှန်အတိုင်း ပြန်လည်ဖြတ်သန်းသွားလာနိုင်ရေးအတွက်ပြင်ဆင်ဆောင်ရွက်လျက်ရှိ

ခမောက်ကြီး ဇူလိုင်  ၃၁

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့၊ မိုင်၄၀တွင်ယမန်နေ့ညက မိုးရွာသွန်းမှုများပြီးတောင်ကျရေစီးဆင်းမှုများသဖြင့် ယမန်နေ့ နံနက်ပိုင်း ၇ နာရီခန့်တွင် ကားလမ်းမကြီးပိတ်ဆို့မှုဖြစ်ခဲ့သည်။

အဆိုပါ လမ်းပိတ်ဆို့သည့်နေရာသည် ခမောက်ကြီးမြို့နှင့် ၇မိုင်ခန့် အကွာ၊မိုင်၄၀ (ယုဇန ဆီအုန်းကုမ္ပဏီအနီး)မိုင်တိုင်အမှတ် ၁၁၂၇.၅တွင် မိုးအဆက် မပြတ်ရွာသွန်းပြီး တောင်ကျ ရေစီးဆင်းမှုကြောင့် လမ်းမကြီးအောက်ရှိစီးဆင်းနေသော ရေပြွန်ပြုတ်ထွက်သဖြင့်ရေများ အရှိန်အဟုန်မြင့်တက်လာ၍ ကော့သောင်း-ဘုတ်ပြင်းလမ်းမကြီး ပိတ်ဆို့သွားခဲ့ရာ မော်တော်ယာဉ်ငယ်များဖြတ်သန်းသွားနိုင်သော်လည်းယာဉ်ကြီးများအတွက်ယာယီရှောင်ကွင်းလမ်းအားမြို့အုပ်ချုပ်ရေးမှူးဦးခိုင်ကိုဦးကဦးဆောင်၍မြို့လမ်းဦးစီးမှူးဦးနိုင်အောင်ဝင်းနှင့်လုပ်သား(၁၅)ဦး၊စက်ယန္တရားကြီးများဖြင့်အမြန်ဆုံးပြုပြင်ဆောင်ရွက်ခဲ့သဖြင့်ယာဉ်များပုံမှန်ဖြတ်သန်းသွားလာနေပြီဖြစ်ကြောင်း သိရသည်။

ခမောက်ကြီး(ပြန်/ဆက်)