ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပွားစေရန်နှင့် ပြည်သူများအား ကျန်းမာရေးစောင့် ရှောက်မှုများ ပေးနိုင်ရန်ရည်ရွယ်၍ ယမန်နေ့က ညောင်ဝန်းကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာသူ၊ ကျေးရွာသားများကို ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း ဆောင်ရွက်ခဲ့သည်။
နယ်လှည့်ကျန်းမာရေး စောင့်ရှောက်မှုမော်တော်ယာဉ် (Mobile Fever Clinic Bus) ဖြင့် မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးထွဋ်နှင့် ဌာနဆိုင်ရာများ၊ ဒေါက်တာမြင့်စိုးနှင့် မြို့နယ်သူနာပြုဆရာ မအဖွဲ့များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပရဟိတအသင်း အဖွဲ့များပူးပေါင်၍ ညောင်ဝန်းကျေး ရွာသို့သွား ရောက်ပြီး ကျေးရွာသူ ကျေးရွာသားများအားကျန်းမာရေးစစ်ဆေးပေးခြင်း၊ ဆေးကုသ ပေးခြင်းနှင့် ဆေးဝါးများပေးခြင်း၊ ကျန်းမာရေးအသိပညာပေးဟောပြောခြင်း၊ Face mask များနှင့် လက်ကမ်းစာစောင်များပေးဝေခြင်း၊ ကိုဗစ်သံသယရှိသူများကို swab ယူစစ်ဆေး ပေးခြင်း၊ ပိုးတွေ့လူနာများအား Positive Center သို့ ပို့ဆောင်ပေးခြင်းများ ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ နယ်လှည့်ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းစဉ်များကို ဇူလိုင် ၂၆ ရက်နေ့မှ စတင်ကာ စာနီစုကျေးရွာ၊ ကျွဲတကုန်းကျေးရွာ၊ ဦးတိုကျေးရွာ၊ ငှက်ကြီးသိုက်ကျေးရွာ၊ လက်ပံရေးကျေးရွာ၊ ညောင်ဝန်းကျေးရွာများအတွင်း ဒေသခံပြည်သူ (၁၄၈) ဦးတို့ကို ကျန်းမာရေးစစ် ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
"ယခုရောဂါဖြစ်ပွားမှုနူန်းများသည့် ကျေးရွာကိုဦးစားပေး၍ သွားရောက်ပြီး စောစောသိ စောစောကုသပေးနိုင်ရန် စီစဉ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ကျေးရွာများအတွင်း ရောဂါ ဖြစ်ပွားမှုနူန်း လျော့ကျသည့် အထိနယ်လှည့်ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းစဉ်များကို ဆောင်ရွက်ပေး မှာဖြစ်ကြောင်း" မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီဥက္ကဋ္ဌထံမှ သိရသည်။
ပေါက်စ မင်းလှ