ဝေါမြို့နယ်တွင် ကျန်းမာရေးဝန်ထမ်းများအား စာသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်

ဝေါ   ဇူလိုင် ၃၁

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါပိုး ကူးစက်ခံရသူများအား ကုသပေးလျက်ရှိသည့် ကျန်းမာရေးဝန်ထမ်းများအား မြို့နယ်ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေး ပေါ်တုန့်ပြန်ရေးကော်မတီက အခြေခံစားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ဇူလိုင်လ ၂၉ ရက် နေ့နယ်(၁)နာရီတွင် ဝေါမြို့နယ်ပြည်သူ့ဆေးရုံကြီး၌ ကျင်းပသည်။

ထိုသို့ထောက်ပံ့ရာတွင် မြို့နယ်ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေးကော် မတီဉက္ကဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဝင်းမော်နှင့် ကော်မတီဝင်များက ကျန်းမာရေး ဝန်ထမ်းတစ်ဦးလှျင် ဆန်လေးပြည်၊ ကြက်ဉ(၁၀)လုံးဖြင့် ကျန်းမာရေးဝန်ထမ်း(၄၆)ဦးအား ထောက်ပံ့ ပေးအပ်ကြောင်း သိရသည်။

စိုးမိုး