ဖြူး ဩဂုတ် ၁၂
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ၂၀၁၉-၂၀၂၀ခုဘဏ္ဍာရေးနှစ် စမ်းမြောင်းကျေးရွာတွင် Cash For Work စီမံကိန်းဖြင့်ဆောင်ရွက်သော ရေနှုတ်မြောင်းတူးဖော်ခြင်း၊ ကျောက်ရောမြေလမ်းခင်းခြင်းနှင့် ရေကာမြေသား တာဘောင်ဖို့ခြင်း လုပ်ငန်းအား ဩဂုတ်လ (၁၂)ရက်နေ့ နေ့လည်(၁)နာရီတွင် ကွင်းဆင်းစစ်ဆေးကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါ Cash For Work စီမံကိန်းအရ ငွေကျပ်သိန်း(၁၀၀)ဖြင့် ဆောင်ရွက်သော ကျေးရွာ အတွင်း ရေနှုတ်မြောင်း တူးဖော်ခြင်း၊ ကျောက်ရောမြေလမ်းခင်းခြင်းနှင့် ရေကာမြေသား တာဘောင်ဖို့ခြင်း ဆောင်ရွက်ပြီးစီးမှု အခြေအနေအား ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသိန်းကျော်နှင့်အဖွဲ့က သွားရောက်စစ်ဆေးပြီး လိုအပ်သည် များအားပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရပါသည်။
မနွယ်(ဖြူး)