ဝေါမြို့တွင် ကုန်စည်များ၌ ကုန်ညွှန်းအမှတ်အသားများ မြန်မာဘာသာဖြင့် ဖော်ပြရန် သတ်မှတ် ထားသည့်အချက်အလက်များ ဖော်ပြထားရှိမှု ရှိ/ မရှိ စိစစ်ဆောင်ရွက်

ဝေါ  သြဂုတ် ၁၂


စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး စားသုံးသူရေးရာ ဦးစီးဌာနမှ ကုန်စည် များ၌ ကုန်အညွှန်းအမှတ်အသားများ မြန်မာဘာသာဖြင့် သတ်မှတ်ထားသည့် အချက်အလက်များ ဖော်ပြ ထားရှိမှု ရှိ/မရှိ ကို  ယနေ့ နံနက် ၁၀နာရီက ဝေါမြို့မစျေး အတွင်း / အပြင်ရှိ  စျေးဆိုင်များလိုက်လံ စစ်ဆေးခဲ့ကြောင်းသိရှိရသည်။

ထိုသို့စစ်ဆေးရာတွင်  ပဲခူးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေး အဖွဲ့များ၊    မြို့နယ် စားသုံးသူရေးဦးစီးရာဌာနမှမြို့နယ်တာဝန်ခံစစ်ဆေးရေးမှူး ဦးထွန်းနိုင်နှင့် မိတ်ဖက် ဌာနများဖြစ်သည့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးကော်မတီတို့ ပူးပေါင်း၍ ဝေါမြို့နယ်အတွင်းရှိ စျေးဆိုင်များတွင် ထုတ်လုပ်ဖြန့်ချိ ရောင်းချလျက်ရှိသော ကုန်စည်များ အနက် သောက်ရေသန့်၊ အချိုရည်၊ ယိုမျိုးစုံတို့အား  စားသုံးသူပြည်သူများ အဆင်ပြေနိုင်စေရေးအတွက်   စစ်ဆေးဆောင်ရွက်ခဲ့ပြီး   မြန်မာဘာသာဖြင့်ဖော်ပြ ရာမှာ စားသုံးသူရေးရာဌာနမှ ထုတ်ပြန်ထားသော အချက်()ချက်ကို  စနစ်တကျ လိုက်နာပေးစေလို ကြောင်း တစ်ဆိုင်ပြီး တစ်ဆိုင် အသိပညာပေးပြောကြားကာ လက်ကမ်းစာစောင်များအား ဖြန့်ဝေခဲ့ ကြောင်း သိရှိရသည်။

အောင်မြတ်လင်း (ပြန်/ဆက်