ပုလော ဇူလိုင်လ ၂၇
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌ လေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေ များကို ယနေ့ နံနက် ၈ နာရီက ဘိုင်ပြင် ကျေးရွာ၌ ပုလောမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ၊ မြို့နယ် ဦးစီးမှူး ဒေါ်မြစောနွယ်က ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ပေးအပ်ရာတွင် ပုလောမြို့နယ်၊ ဘိုင်ပြင် ကျေးရွာ၌ ဇူလိုင်လ (၂၄) ရက်နေ့ ညနေပိုင်း က မိုးသည်ထန်စွာ ရွာသွန်း၍ လေဘေးသင့်ခဲ့သော နေအိမ်(၃)လုံး အတွက် ထောက်ပံ့ငွေ များကို ဘိုင်းပြင်ကျေးရွာမှ မိသားစုများကို လည်းကောင်း၊ ဇူလိုင်လ ၂၅ ရက်နေ့ ညနေပိုင်းက မလိကျေးရွာအုပ်စု ၊ ငါးကျွန်းကျေးရွာ၌ မိုးသည်းထန်စွာ ရွာသွန်း၍ လေပြင်းထိုက်ခိုက်မှုကြောင့် သစ်ပင်ပြိုလဲကာ နေအိမ်ဖိ၍ လူတစ်ဦး သေဆုံးခဲ့ရာ သေဆုံးသူနှင့် အိမ်ဆောက်ရန် အတွက် ထောက်ပံ့ငွေတို့ကို ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုဦးစီး ဦးကျော်မင်းစိုးနှင့်တာဝန်ရှိသူ ထံသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။
အေးအေးမော်