ကော့ကရိတ် ဩဂုတ် ၁၂
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်တွင် အထက်တန်းကျောင်း (၉) ကျောင်း၊ အထက်တန်းကျောင်းခွဲ (၁၅)ကျောင်းရှိပြီး၊ ၂၀၁၉- ၂၀၂၀ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ စုစုပေါင်း (၂၉၉၇) ဦး ဖြေဆိုခဲ့ရာ ကျား (၂၉၄)ဦး၊ မ (၅၆၂)ဦး၊ စုစုပေါင်း (၈၅၆) ဦး အောင်မြင်ခဲ့ပါသည်။
အဆိုပါအောင်မြင်သူများအနက် (၆) ဘာသာဂုဏ်ထူးရှင် (၁) ဦး၊ လေးဘာသာဂုဏ်ထူးရှင် (၄) ဦး၊ သုံးဘာသာဂုဏ်ထူးရှင် (၅)ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် (၂၅) ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် (၁၀၀) ဦး၊ စုစုပေါင်း (၁၃၆) ဦး ဂုဏ်ထူးရရှိခဲ့ပြီး အောင်ချက် ရာခိုင်နှုန်း (၂၈ဒသမ၅၆) ရာခိုင်နှုန်းဖြစ်ပြီး ယခင်နှစ်အောင်ချက် ရာခိုင်နှုန်းထက် တိုးတက်လာကြောင်း မြို့နယ်ပညာရေးမှူးရုံး မှ သိရသည်။
ခင်မျိုးဝင်း (ခရိုင် ပြန်/ဆက်)