ရွှေတောင်မြို့နယ်အတွင်း မဲဆန္ဒရှင်စာရင်းကပ်ထားမှု အခြေအနေအား မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်များမှလိုက်လံကြည့်ရှု

ရွှေတောင် သြဂုတ် ၁၂

ရွှေတောင်မြို့နယ်၌ ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာ၈ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ယမန်နေ့ နေ့လယ်ပိုင်းတွင် ရပ်ကွက်နှင့် ကျေးရွာများသို့ သွားရောက်ကာ မဲဆန္ဒရှင်များ၏ အမည်စာရင်းထားရှိ ကြေညာမှုများကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ မဲဆန္ဒရှင် စာရင်းကပ်ထားကြေညာမှုအား(၁၄-၈-၂၀၂၀)ထိ တိုးမြှင့်သတ်မှတ်ထားပြီး မဲဆန္ဒရှင် စာရင်း ကပ်ထား ကြေညာစဉ်နှင့် ကြေညာပြီး သတ်မှတ်ရက်များအတွင်း ပြင်ဆင်၊ ဖြည့်စွက်၊ ကန့်ကွက်လွှာ များအား မဲစာရင်းတွင်ပြင်ဆင်နိုင်ရေး၊ မှတ်ပုံတင်ကွက်လပ်များအား ဖြည့်စွက်နိုင်ရေး အတွက် သက်ဆိုင် ရာ ဌာနဆိုင်ရာများနှင့် ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ၂၀၂၀ပြည့်နှစ် ရွေးကောက်ပွဲ အောင်မြင် နိုင်ရေး အမျိုးသားရေး တာဝန်အဖြစ် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌမှ ပြောကြားခဲ့ကြောင်း သိရသည်။

ကိုကိုမင်း(ပြန်/ဆက်)