ဆိပ်ဖြူမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်၌ ကိုဗစ်-၁၉ ကာကွယ်ရေးအစီအမံများဖြင့် ပင်စင်လစာထုတ်ပေး

ဆိပ်ဖြူ   ဇူလိုင်   ၂၇

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်မှ ကိုဗစ်- ၁၉ထိန်းချုပ်ရေး ကာလအတွင်း ပင်စင်စားများအတွက် ပင်စင်များကို ယမန်နေ့နံနက်ပိုင်းမှစ၍ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ထုတ်ပေးလျက်ရှိသည်။

 

အငြိမ်းစား ဝန်ထမ်းများအား ပင်စင်လစာထုတ်ပေးရာ၌ မြို့နယ်အတွင်း ကိုဗစ် -၁၉ ကူးစက်မှုမြင့် တက်နေသဖြင့် လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက် ဇူလိုင်လ ၂၆ ရက်နေ့မှ စတင်ပြီး နေ့စဉ် နံနက် ၇ နာရီမှ နေ့လယ် ၁၂ နာရီအထိ ပင်စင်လစာများကို အလှည့်ကျထုတ်ပေးမည်ဖြစ်ပြီး (အငြိမ်းစား)ပင်စင်စားများအနေဖြင့် မိမိတို့အဆင်ပြေသည့်နေ့တွင်လာရောက်ထုတ်ယူနိုင်ပါကြောင်းနှင့် ကိုယ်စားလှယ်နှင့်ထုတ်ယူလိုပါက လိုအပ်သည့် အထောက်အထားဖြင့်လာရောက် ထုတ်ယူနိုင်ကြောင်း သိရသည်။


 

ဆိပ်ဖြူမြို့နယ်တွင် ပင်စင်ထုတ်ယူရာ၌ ကိုဗစ် -၁၉ ကာကွယ်ရေးပစ္စည်းများဖြစ်သော နှာခေါင်းစည်း Mask၊ Face Shield၊ လက်အိတ်များဝတ်ဆင်ပြီးမှ လာရောက်ထုတ်ယူကြပါရန် ကြိုတင်အသိပေး ကြေညာ ထားပြီး ဖြစ်ကြောင်းနှင့် ဆိပ်ဖြူမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်မှ ပင်စင်စားဝန်ထမ်း (၁၃၀၀) ဦးရှိပြီး လစဉ် ပင်စင် လာရောက်ထုတ်သူ (၉၀၀)ဦးနှင့် (၁၀၀၀)ဦးကြား ထုတ်ယူကြကြောင်း သိရှိရသည်။

 

ကိုမျိုး (ယောဧရာ)