ကော့သောင်း သြဂုတ် ၁၂
ကော့သောင်းမြို့နယ်တွင် Grade-4 စတုတ္ထတန်း သင်ရိုးသစ် (နောက်ဆက်တွဲ) သင်တန်းကို သြဂုတ်လ (၈) ရက်နေ့ နံနက်ပိုင်းမှစတင်ကာ ရွှေဟင်္သာရပ်ကွက်၊ အ.လ.က (၃) ကျောင်း၌ သင်ကြားပို့ချလျက်ရှိကြောင်း သိရသည်။
အဆိုပါသင်တန်းကို သင်ကြားမှုအရည်အသွေးပြည့်ဝသော ဆရာ၊ ဆရာမများမှ အရည်အသွေးပြည့်ဝသည့် ကျောင်းသား၊ကျောင်းသူများ ပြုစုပျိုးထောင်နိုင်ရေးအတွက် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်းသို့ ကော့သောင်းမြို့နယ်နှင့် ခမောက်ကြီးမြို့အတွင်းရှိ မူလတန်းအဆင့် ဆရာ၊ ဆရာမ (၆၆) ဦး တက်ရောက်ကာ သင်တန်းနည်းပြ (၈) ဦးနှင့် ကြီးကြပ်သူ (၄) ဦးတို့က ဘာသာရပ် (၁၀) ခုကို တစ်ပတ်ကြာသင်ကြားပို့ချပေးသွားမည် ဖြစ်သည်။
သင်တန်းပို့ချရာတွင် သင်တန်းသား၊ သင်တန်းသူများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့် အညီ သင်ကြားပေးလျက်ရှိပြီး ယနေ့တွင် ပဉ္မမြောက်နေ့အဖြစ် ဆက်လက်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ဥမ္မာချို