အိမ်မဲမြို့နယ်တွင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၏ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ လှုပ်ရှားမှု အခမ်းအနား ကျင်းပ

အိမ်မဲ  သြဂုတ် ၁၂

ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ လှုပ်ရှားမှုအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမင်းသူ က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ မျိုးကျော်အောင် က အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု နှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမင်းသူ၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာမျိုးကျော်အောင်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ နှင့်တာဝန်ရှိသူများက အသက်(၆)လမှ ၅ နှစ်အောက် ကလေးငယ်များအား သံချဆေးနှင့် အင်အားပြည့်ဗီတာမင်အေဆေးလုံး၊ ကိုယ်ဝန်ဆောင် မိခင်များအား သံဓာတ်ဆေးပြားတို့ကို တိုက်ကျွေးခဲ့ကြကြောင်း သိရသည်။

ဆက်လက်ပြီး တာဝန်ရှိသူများက အာဟာရပြည့်ဝသော အစာအုပ်စုပါဝင်အောင် စားသောက် တက်စေရန် လက်တွေ့သရုပ်ပြသ ပေးခဲ့ကြောင်း သိရသည်။

ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)