မင်းတုန်းမြို့တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် သရက်ခရိုင် အုပ်ချုပ်ရေးမှူးနှင့် တွေ့ဆုံပွဲပြုလုပ်

မင်းတုန်း ဩဂုတ် ၁၂

မကွေးတိုင်းဒေသကြီး၊ မင်တုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ၂၀၂၀ ပြည့်နှစ်  ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ   ကျင်းပနိုင်ရေးအတွက်    ခရိုင်အုပ်ချုပ်ရေးမှူး နှင့် မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဝင်များ၊ ရပ်ကွက် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများတွေ့ဆုံပွဲကို ယမန်နေ့ နံနက် ၁၁ နာရီက ပြုလုပ်ခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် သရက်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်မျိုးလတ်က အသက်(၁၈)နှစ်ပြည့်ပြီးမဲပေးခွင့်ရှိသူတိုင်း မဲပေးခွင့် ရနိုင်ရေး ပေါင်းစပ်ဆောင်ရွက်ကြရန် မဲစာရင်းများ မှန်ကန်မှုရှိရန် မဲပေးမည့်သူမကျန်ရှိစေရေး ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးများအင်တိုက်အားတိုက် ဆောင်ရွက်ကြရန်မှာကြားပြီး  လူဝင်မှုကြီးကြပ်ရေးနှင့်  ပြည်သူ့ အင်အားဆိုင်ရာ ခရိုင်ဦးစီးမှူး ဦးကျော်မင်းက လုပ်ငန်းဆိုင်ရာများကိုဆက်လက်ရှင်းလင်းခဲ့ပြီး မြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ် ရွေးကောက်ပွဲ အရာရှိနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးတို့က လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေ များအား ရှင်းလင်းတင်ပြခဲ့ကြကြောင်း သိရှိရသည်။

ထို့နောက် သရက်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်မျိုးလတ်က ရပ်ကွက်အတွင်း မဲစာရင်းကြေငြာမှုများအား ကွင်းဆင်း စစ်ဆေးပြီး မဲစာရင်းလာရောက်ကြည့်ရှုမှုနှင့် အမှားပြင်ဆင်ရန်လာရောက်လျှောက်ထားမှုအခြေအနေများအား ရပ်ကွက် ကော်မရှင် အဖွဲ့ဝင်များမှ ပြန်လည်တင်ပြကြကြောင်းသိရှိရသည်။

ချင်းကလေး(NRDC)