သံတောင်ကြီး သြဂုတ် ၁၂
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်သည့် ဌာနဆိုင်ရာလုပ်ငန်းများ စစ်ဆေး နိုင်ရန်အတွက် ကရင်ပြည်နယ်လွှတ်တော် ဘဏ္ဍာစိစစ်အကြံပြုရေးကော်မတီမှ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို သံတောင်ကြီး မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကရင်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါ်နန်းသူဇာဝင်းက အမှာစကားပြောကြားပြီး ကရင်ပြည်နယ်လွှတ်တော် ဘဏ္ဍာစိစစ်အကြံပေးရေးကော်မတီဥက္ကဋ္ဌ ဦးသန့်ဇင်အောင်မှ လုပ်ငန်းစိစစ်ဆောင်ရွက်မည့်အခြေအနေများအား ရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသည့်ဌာနဆိုင်ရာအကြီးအကဲများက လုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေ များအား တင်ပြဆွေးနွေးခဲ့ကြသည်။
အဆိုပါ လုပ်ငန်းများစစ်ဆေးရာတွင် ကရင်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါ်နန်းသူဇာဝင်းနှင့် ကရင်ပြည်နယ်လွှတ်တော် ဘဏ္ဍာစီစစ်အကြံပြုရေးကော်မတီတို့က သံတောင်ကြီးမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နေသည့် နေရာ များသို့ ယမန်နေ့မှစ၍ သွားရောက်စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)