ကောလင်း သြဂုတ် ၁၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကျေးကော်မရှင်အဖွဲ့ခွဲများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဇာတိမာန်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေ့ဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဝင်းကိုကိုက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲအတွင်းရေးမှူး ဒေါ်ချစ်စုလှိုင်က ရွေးကောက်ပွဲနှင့်ပတ်သက်၍ မဲစာရင်း၌ မပါဝင်ခြင်းအား ပုံစံ-၃ ဖြင့် အမည်စာရင်း ထည့်သွင်း ရန် တောင်းဆိုခြင်း၊ မပါဝင်သင့်သူများ ပါဝင်ပါက ပုံစံ-၄ ဖြင့် ကန့်ကွက်ခြင်း၊ မဲစာရင်းပါ အချက်အလက်များ မှားယွင်းပါက ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်လွှာတင်သွင်းနိုင်ခြင်းများကို ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဝင်းကိုကိုက ၂၀၂၀ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ ပထမအကြိမ် မဲဆန္ဒရှင်စာရင်း ကြေငြာထားမှုအပေါ် အားနည်းချက်၊ အားသာချက်များအား အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် အပြန်အလှန်ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)