မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး (Exercise Is Medicine) အစီအစဉ်ဖြင့် ကိုယ်ကာယ လေ့ကျင့်ခန်းဆောင်ရွက်

မြို့သစ် သြဂုတ် ၁၂

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့်အခြေခံပညာ ဦးစီးဌာနတို့ ပူးပေါင်း၍  ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး  ( Exercise  Is  Medicine ) အစီအစဉ်ဖြင့် ကိုယ်ကာယလေ့ကျင့်ခန်းဆောင်ရွက်မှုကို  ယမန်နေ့  ညနေပိုင်းက  မြို့မအခြေခံပညာအလယ်တန်း ကျောင်းခွဲ၌ ပြုလုပ်ခဲ့ကြောင်းသိရှိရသည်။

ကိုယ်ကာယလေ့ကျင့်ခန်းဆောင်ရွက်ရာတွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနအ နေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးဆိုသည့် လမ်းညွှန်ချက်နှင့် အညီ မြို့မ အခြေခံပညာ အလယ်တန်းကျောင်းခွဲရှိ Grade - 4 သင်ရိုးသစ် မြို့နယ်အဆင့် Face to Face နောက်ဆက်တွဲ ဆင့်ပွားသင်တန်း တက် ရောက်နေသည့် ဆရာ/ဆရာမ (၁၅၄)ဦးအား မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြို့နယ် အားကစားမှူး ဦးသိန်းဇော်မင်းနှင့်အဖွဲ့ကကိုယ် ကာယလေ့ကျင့်ခန်း အတွဲ ( ၁ )  / (၂)ကို လေ့ကျင့် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဝင်းအိဇွန် (ပြန် /ဆက်)