ပဲခူး ဇူလိုင် ၂၂
ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါလူနာများအတွက် ပဲခူးဆေးရုံကြီး အောက်ဆီဂျင် ဖြန့်ဖြူးပေးရာ ဌာနသို့ ယနေ့နံနက်ပိုင်းက အောက်ဆီဂျင်အလုံးပေါင်း(၂၀၀) ရောက်ရှိ ခဲ့ကြောင်းသိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါလူနာများအတွက် အောက်ဆီဂျင်အလုံအလောက် အသုံပြုနိုင်ရန် အတွက် ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ အစီအစဉ်ဖြင့် အောက်ဆီဂျင် အလုံး (၁၀၀)နှင့် ပဲခူးတိုင်းဒေသကြီး ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ လမ်းညွှန်မှုဖြင့် အောက်ဆီဂျင် အလုံး(၁၀၀) စုစုပေါင်းအလုံး(၂၀၀) ရောက်ရှိပြီး၊ ပဲခူးမြို့ အထွေထွေ ပြည်သူ့ဆေးရုံကြီးမှလည်း နေ့စဉ်အောက်ဆီဂျင်ထုတ်လုပ်၍ ပဲခူးမြို့နယ်နှင့် ခရိုင်အတွင်းရှိ မြို့နယ်များသို့ အချိန်မီဖြန့်ဝေ ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှသိရှိရသည်။
မျိုးငြိမ်း