လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာများနှင့်အရေးပေါ်လူနာများအတွက် အောင်ဆီဂျင်အိုးများ လှူဒါန်း

လှိုင်းဘွဲ ဇူလိုင် ၂၂

ကရင်ပြည်နယ် ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် လတ်တလော ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း၌ ကိုဗစ်-၁၉ ရောဂါလူနာများနှင့် အောက်ဆီဂျင်အသုံးပြုနေရသူများ၊ အောက်ဆီဂျင် လိုအပ်ချက်များပြားလာသဖြင့် အရေးပေါ်လွယ်ကူအဆင်ပြေစွာ ရရှိအသုံးပြုနိုင်ရန်အတွက် ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ 40L အောက်ဆီဂျင်အိုး(၂၅)လုံးအား လှူဒါန်း ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ 40L အောက်ဆီဂျင်အိုး လှူဒါန်းရာတွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများနှင့် အရေးပေါ်လူနာများ အသုံးပြုရန်အတွက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ ပထမအကြိမ်တွင် အောက်ဆီဂျင်အိုး(၁၀)လုံး၊ ဒုတိယအကြိမ်တွင် အောက်ဆီဂျင်အိုး(၅)လုံးနှင့်တတိယအကြိမ်တွင် အောက်ဆီဂျင်အိုး(၁၀)လုံး စုစုပေါင်း အောက်ဆီဂျင်အိုး(၂၅)အိုးကို လှူဒါန်းခဲ့ပြီး အဆိုပါ အောက်ဆီဂျင်အိုးများကို လှိုင်းဘွဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းသန်းက ကြီးကြပ်၍ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေး အဖွဲ့(လှိုင်းဘွဲ)နှင့်တာဝန်ရှိသူတို့က မြို့နယ်ပြည်သူ့ဆေးရုံနှင့် ကန့်သတ် စောင့်ကြည့်ရေး နေရာများတွင် ထားရှိပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)