လပွတ္တာ ဇူလိုင် ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင် ကိုဗစ်-၁၉ ကော်မတီမှ ကျန်းမာရေး ဝန်ထမ်းများအား ထောက်ပံ့ခြင်းအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန်က လပွတ္တာခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ခရိုင် ကိုဗစ်-၁၉ ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးက အဖွင့်အမှာစကား ပြောကြားရာတွင် "ခုတင်(၂၀၀)ပြည်သူ့ဆေးရုံတွင် တာဝန်ထမ်းဆောင်နေတဲ့ ကျန်းမာရေး ဝန်ထမ်းတွေကို အလှူရှင်များမှ စုပေါင်း၍ ထောက်ပံ့မှုများ ဆောင်ရွက်လိုတဲ့အတွက် ဆောင်ရွက်ပေးရခြင်း ဖြစ်ပြီး လူနာများကိုသာ ထောက်ပံ့နေရပြီး ကျန်းမာရေးဝန် ထမ်းများကိုလည်း ထောက်ပံ့ရန် လိုအပ်လာ တဲ့အတွက် အလှူရှင်များနဲ့ ပေါင်းစပ်ပြီး ယခုလို ထောက်ပံ့ခြင်း အခမ်းအနားကို ပြုလုပ်ပေးရခြင်း ဖြစ်တယ်" ဟုပြောကြား ခဲ့သည်။
ဆက်လက်ပြီး ဦးမင်းစိုးနှင့်ဇနီး မိသားစုမှ ခရိုင် ကိုဗစ်-၁၉ ကော်မတီဥက္ကဋ္ဌထံ သို့ အလှူငွေကျပ် (၅၀၀၀၀၀)ငါးသိန်းအား ပေးအပ်ခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ဇွဲသူဟိန်းမှ လက်ခံခဲ့ရာ ခရိုင် ကိုဗစ်-၁၉ ကော်မတီ ဥက္ကဋ္ဌမှ အလှူငွေကျပ်(၅၀၀၀၀၀) ငါးသိန်းအား ဆက်လက် ပေးအပ်ခဲ့ရာ ခုတင်(၂၀၀) ဆေးရုံအုပ်ကြီး ဒေါက်တာ အိသန္တာထွေးမှ လက်ခံခဲ့ပြီး နယူးစတိုင် ရွှေဆိုင်ပိုင်ရှင် ဦးအောင်အောင်မိသားစုမှ အလှူငွေကျပ်(၅၀၀၀၀) ငါးသောင်းနှင့် အလှူရှင် ဦးအောင်ကိုလတ်မှ ကြက်ဥ(၁၀၀၀)လုံးအား ဆေးရုံ လူနာများအတွက် ပေးအပ်ခဲ့ရာ ဆေးရုံအုပ်ကြီးမှ လက်ခံရရယူခဲ့ပြီး လှူဒါန်း ပေးမှုများအတွက် ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ထို့နောက် ခရိုင် ကိုဗစ်-၁၉ ကော်မတီဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကား ပြောကြား ခဲ့ပြီး အခမ်းအနားသို့ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခုတင်(၂၀၀)ဆေးရုံအုပ်ကြီးနှင့် စေတနာရှင် အလှူရှင်များ တက်ရောက်ခဲ့ ကြောင်း သိရသည်။
ယောဧရာ