မြဝတီ ဇူလိုင် ၂၁
ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန်အတွက် အောက်ဆီဂျင် အပါအဝင် ကိုဗစ်အထောက်ကူပြုဆေးနှင့်ပစ္စည်းများ တင်သွင်းမှုကို မြဝတီနယ်စပ်မှ တစ်ဆင့် တင်သွင်းခွင့်ပြုပေးလျက်ရှိ ရာ ရန်ကုန်ပြည်သူ့ဆေးရုံကြီး နှင့် သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်မည့် အောက်ဆီဂျင်အရည်များ သယ်ဆောင် လာသည့် မော်တော်ယာဉ် ၃ စီးတို့သည် ယနေ့ မြဝတီကုန်သွယ်ရေးဇုန်မှ ထွက်ခွာသွားကြောင်း သိရသည်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်မည့် အောက်ဆီဂျင်အရည် တန် ၂၀ သယ်ဆောင်လာသည့် မော်တော်ယာဉ် ၁ စီး နှင့် အောက်ဆီဂျင်အရည် ၁၈ ဒဿမ ၃၂ တန်သယ် ဆောင်လာသည့် မော်တော်ယာဉ် ၁ စီး တို့သည် ယနေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်ကလည်းကောင်း၊ သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်မည့် အောက်ဆီဂျင်အရည် တန် ၂၀ သယ်ဆောင်လာသည့် မော်တော်ယာဉ် ၁ စီးသည် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်က လည်းကောင်း စုစုပေါင်း ၃ စီးတို့သည် မြဝတီကုန်သွယ်ရေးဇုန်မှ ယနေ့ ထွက်ခွာသွားကြောင်း သိရသည်။
ထိုသို့ ပြည်သူများအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ် ကုသရေးတွင် အဓိက လိုအပ်လျက်ရှိသည့် အောက်ဆီဂျင်အရည် တင်သွင်းလာမှုများအား ကုန်သွယ်ရေးဦးစီးဌာန၊ မြဝတီကုန်သွယ်ရေးဇုန်မှ ပြည်သူများ လက်ဝယ် အမြန်ရောက်ရှိစေရေးအတွက် အချိန်ကြန့်ကြာမှုမရှိ လွယ်ကူလျှင်မြန်စေရေး ပူးပေါင်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။ ထို့အပြင် Mask များ၊ အောက်ဆီဂျင်စလင်ဒါအိုးများ၊ Oxygen Concentrator များကိုလည်း တင်သွင်းခဲ့ကြောင်း သိရသည်။
ထိန်လင်းအောင်