ကလေးမြို့နယ်တွင် နှာခေါင်းစည်းများ တပ်ဆင်ရေးလှုပ်ရှားမှု Mask Campaign အဖြစ် နှာခေါင်းစည်း (၅၀၀၀) အခမဲ့ဖြန့်ဝေ

ကလေး ဇူလိုင် ၂၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် ကလေးခရိုင် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက ဦးဆောင်ပြီး နှာခေါင်းစည်းများ တပ်ဆင်ရေးလှုပ်ရှားမှု (Mask Campaign) ကို ဇူလိုင်လ ၂၁ ရက် နံနက် ၁၀ နာရီက ကလေး-ကလေးဝလမ်းမကြီးနှင့် ပင်လုံလမ်းမတော်လမ်းဆုံမီးပွိုင့်၌ ပြုလုပ် ခဲ့ကြောင်း သိရသည်။

အဆိုပါ နှာခေါင်းစည်းများ တပ်ဆင်ရေးလှုပ်ရှားမှုတွင် ကလေးခရိုင် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ ကလေးခရိုင် ခုတင် (၃၀၀) ဆံ့ ပြည်သူ့ဆေးရုံကြီး၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့် စေတနာ့ဝန်ထမ်း များပူးပေါင်း၍ လမ်းသွားလမ်းလာပြည်သူများအား နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေပေးခဲ့ကြပြီး နှာခေါင်းစည်းများ စနစ်တကျတပ်ဆင်ရေး၊ သုံးစွဲပြီးပါကလည်း စနစ်တကျစွန့်ပစ်ရေးတို့ကို အသိပညာပေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ယနေ့ပြုလုပ်သည့် နှာခေါင်းစည်းများ တပ်ဆင်ရေးလှုပ်ရှားမှု (Mask Campaign) တွင် နှာခေါင်းစည်း (၅၀၀၀) ခုကို ပြည်သူများလက်ဝယ်အရောက် အခမဲ့ဖြန့်ဖြူးဝေငှပေးနိုင်ခဲ့ကြောင်းနှင့် နှာခေါင်းစည်းများတပ်ဆင်ရေး လှုပ်ရှားမှု (Mask Campaign) ပြုလုပ်ခြင်း၊ အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်းကို အပတ်စဉ်ပြုလုပ်လျက်ရှိကြောင်း သိရသည်။

သန်းထိုက်အောင်