အိမ်မဲ ဇူလိုင် ၂၁
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည် တန်ခန်းမတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ မြို့နယ်အတွင်းကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများတွင်ကူညီဆောင်ရွက်ပေးသည့်လူမှုရေးအသင်းအဖွဲ့များအား ထောက်ပံ့ငွေများ ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် အိမ်မဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်ထွန်းဇော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူးကောင်းမြတ်စံတို့က အမှာ စကားအသီးသီးပြောကြားခဲ့သည်။ ထို့နောက်တက်ရောက်လာသည့်လူမှုရေးအသင်းအဖွဲ့များက လိုအပ်သည်များကို တင်ပြဆွေးနွေးခဲ့ရာ တာဝန်ရှိသူများကပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁)၊(၂)၊(၃) နှင့်တာဝန်ရှိသူများက လူမှုရေးအသင်းအဖွဲ့များအားငွေသား နှင့် ကျန်းမာရေးသုံးပစ္စည်း စုစုပေါင်း (၁၇၃၀၀၀၀) ကျပ်ကို ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ချစ်သက်လယ်(ပြန်/ဆက်)