သဲကုန်းမြို့နယ် ဆင်မြီးဆဲမြို့၌ နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား

သဲကုန်း  ဇူလိုင်  ၂၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ ဆင်မြီးဆွဲမြို့၊ ခေတ်သစ်ရတနာ ရပ်ကွက်တွင် ယမန်နေ့ည ၉ နာရီခွဲအချိန်က နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ သဲကုန်းမြို့နယ်၊ ဆင်မြီးဆွဲမြို့၊ ခေတ်သစ် ရတနာရပ်ကွက်နေ ဦးသန်းနိုင်ဝင်း၏ အိမ်နှင့်တွဲလျက်ရှိသော နွားတင်းကုပ်အတွင်းရှိ ခြင်မီးဖိုမှစတင်၍ မီးလောင်မှုဖြစ်ပွားခဲ့ရာ ဦးသန်းနိုင်ဝင်း၏ တိုက်ခံပျဉ်းထောင်နှစ်ထပ် (၃၀'×၃၀') အိမ်တစ်လုံး မီးလောင်ကျွမ်းခဲ့သည်။

အဆိုပါ မီးလောင်ကျွမ်းမှုဖြစ်ပွားရာနေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးယဉ်ထွေး၊ စီမံအုပ်ချုပ်အဖွဲ့ဝင် ဗိုလ်မှူးအောင်ဝင်းထွန်းနှင့် အဖွဲ့ဝင်များ၊ ဆင်မြီးဆွဲမြို့အုပ်ချုပ်ရေးမှူး ဦးဝေဖြိုးကျော်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးရန်မျိုးအောင်နှင့် ဌာနဆိုင်ရာများ၊ ဒေသခံ ပြည်သူများမှ မီးသတ်ယာဉ် (၂) စီးဖြင့် သွားရောက်ငြိမ်းသတ်ခဲ့ရာ ည ၉ နာရီ ၅၀ မိနစ်အချိန် တွင် မီးငြိမ်းသွားခဲ့ပြီး လူနှင့်တိရစ္ဆာန် ထိခိုက်ဆုံးရှုံးမှုမရှိကြောင်း သိရသည်။

မီးလောင်မှုဖြစ်စဉ်နှင့်ပတ်သက်၍ အိမ်ရှင်ဦးသန်းနိုင်ဝင်းအား ဆင်မြီးဆွဲမြို့မရဲစခန်း၌ ပ အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

နိုင်လင်း