ဆင်ပေါင်ဝဲ ဇူလိုင် ၂၁
မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် ရောဂါကူးစက်ပျံ့နှံ့မှုမရှိစေရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်(၉)နာရီက ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး မြို့နယ် အဆင့်ကော်မတီဝင်များဦးဆောင်၍ မြို့အဝင်/အထွက်စစ်ဆေးရေးဂိတ်များတွင် ခရီးသွားပြည်သူများနှင့် ယာဉ်မောင်းများအား ကြပ်မတ်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ စစ်ဆေးရေးဂိတ်များတွင် ခရီးသွားပြည်သူများအား ကိုယ်အပူချိန် တိုင်းတာစစ်ဆေးခြင်း၊ လက်ချောင်းထိပ်တွင် Pulse Oximeters ဖြင့် သွေးတွင်းအောက်ဆီဂျင် (Spo2) တိုင်းတာခြင်း၊ ခရီးစတင်သည့်ဒေသနှင့် သွားရောက်မည့်ဒေသများကို မှတ်တမ်းရယူခြင်းတို့အပြင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် ပတ်သက်၍ အသိပညာပေးခြင်း၊ မော်တော်ဆိုင်ကယ်ဖြင့် ခရီးသွားသည့် ပြည်သူများအား ဆိုင်ကယ်ဦးထုပ်ဆောင်းရန်၊ နှာခေါင်းစီးများ စနစ်တကျ တပ်ဆင်ပြီး သွားလာကြရန် အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ချိုချိုဝင်း