ပေါက်ခေါင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုး အတည်ပြုလူနာ(၂၄)ဦးထပ်မံတွေ့ရှိ

ပေါက်ခေါင်း   ဇူလိုင်   ၂၁

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်ပေါက်ခေါင်း မြို့နယ်တွင်  ကိုဗစ်-၁၉ ရောဂါပိုး အတည်ပြုလူနာ (၂၄)ဦး ထပ်မံတွေ့ရှိခဲ့ပြီး ကျန်းမာရေးပြန်လည် ကောင်းမွန်လာသူ (၁၃)ဦး ဆေးရုံဆင်းခွင့်ရကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ထို့နောက် ပြည်ခရိုင်ပေါက်ခေါင်းမြို့နယ်တွင်  ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူများကို ပြည်သူ့ဆေးရုံ၊ တိုက်နယ်ဆေးရုံများ၊ (အထက)ကျောင်းနှင့် မြို့နယ်အားကစားခန်းမတို့တွင် ကျန်းမာရေးဦးစီးဌာနက ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က ကျန်းမာရေးပြန်လည်ကောင်းမွန်လာသူ  (၁၃)ဦးကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကျန်းမာရေးထောက်ခံချက် ဆေးလက်မှတ်များပေးအပ်ကာ မိမိတို့၏ နေအိမ်အသီးသီးသို့  ပြန်ခွင့်ပြုခဲ့ပြီး ၎င်းတို့  နေအိမ်တွင် (၇)ရက် ကြာနေထိုင်ကြရန်နှင့် ကျန်းမာရေးအသိပညာပေးစကားများ ပြောကြားပေးခဲ့ပြီး ပရဟိတအဖွဲ့မှ နေအိမ်များသို့ ပို့ဆောင်ပေးခဲ့သည်။

ပေါက်ခေါင်းမြို့နယ်တွင်  ယမန်နေ့က ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ (၂၄)ထပ်မံတွေ့ရှိခဲ့ရာ စုစုပေါင်း (၃၄၃)ဦးရှိပြီး၊  ဆေးရုံဆင်းခွင့်ရရှိသူပေါင်း(၁၀၇)ဦး နှင့်သေဆုံးသူ(၁)ဦးရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)