ပေါက်ခေါင်း ဇူလိုင် ၂၁
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ်လုံးဆိုင်ရာသံဃာတော်များအဖွဲ့မှ မြို့ပေါ်ကုသရေးစင်တာများနှင့်ကန့်သတ်စောင့်ကြည့်ရေးစင်တာများသို့ ထမင်းဗူးနှင့်ရေသန့်ကဒ်များကို ယမန်နေ့က သွားရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။
အဆိုပါ သံဃာတော်များအဖွဲ့မှ ပေါက်ခေါင်းမြို့ပေါ်ရှိ ပြည်သူ့ဆေးရုံ၊အထက(အိုးဘိုကုန်း) ယာယီကုသရေးစင်တာ၊ မြို့မအားကစားခန်းမ ယာယီကုသရေးစင်တာနှင့် အထက(ခွဲ) အမှတ် (၁)ကန့်သတ်စောင့်ကြည့်ရေးစင်တာများသို့ သွားရောက်ကာ နေ့လည်စာနှင့်ညစာအတွက် ထမင်းဗူးများနှင့်ရေသန့်ဗူး(၅၀)ကဒ် တို့ကိုလှူဒါန်းပေးခဲ့ပြီး၊ ၎င်း စင်တာအသီးသီးတွင် သံဃာ တော်များက အန္တရာယ်ကင်းပရိတ်တော်များလည်း ရွတ်ဖတ်ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)