ကော့သောင်းမြို့တွင် ကိုဗစ်၁၉ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေး ဘာသာ၊ သာသနာရေး ဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ရာတွင် လိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက်များ ထုတ်ပြန် ဆောင်ရွက်

ကော့သောင်း၊ ဇူလိုင် ၂၁

ကော့သောင်းမြို့တွင် သာသနာတော်ထွန်းကားပြန့်ပွားရေး ဦးစီးဌာနမှ ကိုးကွယ်သည့်ဘာသာ အလိုက် ဘာသာ၊ သာသနာရေးဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ရာတွင် ကိုဗစ်၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး မြို့နယ်ဘာသာပေါင်းစုံ ချစ်ကြည်ညီညွှတ်ရေးအဖွဲ့မှ တဆင့် မိမိ တို့ဘာသာအလိုက် ဝိုင်းဝန်းပူးပေါင်းပါဝင် လိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက်များ ထုတ်ပြန် ဆောင်ရွက်ထားကြောင်း သိရသည်။

အဆိုပါထုတ်ပြန်ချက်တွင် ကူးစက်မှုမြှင့်တက်လာနေသည့် ကိုဗစ်-၁၉ရောဂါ အားထိန်းချုပ် နိုင် ရေး ဘုန်းတော်ကြီး ကျောင်းများတွင် ဥပုသ်သီလဆောက်တည်ခြင်း၊ ဟိန္ဒူဘုရားကျောင်းများ၊ ခရစ်ယာန်ဘာသာ Church နှင့် ဗလီဝတ်ပြုကျောင်းများတွင် ဝတ်ပြုဆုတောင်းရာတွင် လက်ရှိခွင့်ပြုထားသည့် ဘာသာရေး အဆောက် အဦး၏ ဧရိယာစတုရန်းပေကို ၃၆ဖြင့် စား၍ရ သော အရေအတွက်အစား တစ်ကြိမ်လျှင် အများဆုံး ၃၀ဦးဖြင့် တစ်နာရီ ခြားကာဥပုသ် ဆောက်တည်ခြင်း၊ ဘုရားဖူးခြင်း၊ ဝတ်ပြုဆုတောင်းခြင်းများဆောင်ရွက်ရန်၊ တစ်ကြိမ်နှင့် တစ်ကြိမ်အကြား ပိုးသတ်ဆေးဖြန်းခြင်း၊ကိုဗစ်၁၉ရောဂါကြိုတင်ကာကွယ်တားဆီးရေး ဆိုင်ရာ စည်းကမ်းစည်းမျဉ်းများ နှင့်အညီပြင်ဆင်ထားခြင်းနှင့်သီတင်းသုံးနေထိုင်သူများ၊ အုပ်ချုပ်သူများ အနေဖြင့်လိုက်နာဆောင်ရွက်ရမည့် ရောဂါကာကွယ်ထိန်းချုပ်ရေး ဆောင်ရွက် ရမည့်အချက်များပါ ဗားရှင်း၁.၁ အတိုင်း ဆောင်ရွက်ပေးကြရေး သက်ဆိုင်ရာဘာသာအလိုက် ဆင့်ကဲအသိပေးအကြောင်းကြားကာ ရောဂါထိန်းချုပ်နိုင်ရေးလိုက်နာပူးပေါင်းပါဝင် ကြရန် ညွှန်ကြားထုတ်ပြန်ထားခြင်း ဖြစ်ကြောင်း မြို့နယ်သာသနာတော်ထွန်းကားပြန့်ပွားရေး ဦးစီးဌာ နမှ သိရသည်။

ကျော်စိုး