ကရသူရိ သြဂုတ် ၁၂
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့တွင် ကော့သောင်းမြို့မှ လွှဲပြောင်းပေးအပ်သည့် ပြည်ပမှပြန်လာသူ (၂၈) ဦးကို ကရသူရိမြို့၊ အမှတ် (၁) ရပ်ကွက်၊ ဓမ္မာရုံ (Facility Quarantine Centre) တွင်၂၁ ရက် စောင့်ကြည်ထားပြီး ယမန်နေ့က ကိုဗစ်−၁၉ ရောဂါပိုး ရှိ/မရှိ ဓာတ်ခွဲအတည်ပြုနိုင်ရေး နှာခေါင်းတို့ပတ်နှင့်အာခေါင်တို့ပတ် စစ်ဆေးရယူခဲ့ကြောင်း သိရသည်။
အဆိုပါ ဆောင်ရွက်ခြင်းကို ကုသရေးဦးစီးဌာနက တိုက်နယ်ဆရာဝန် ဒေါက်တာ ကျော်လင်းထွန်းနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့လူမှုရေးအသင်းအဖွဲ့များဖြင့် ပြည်ပမှပြန်လာသူများ ကိုဗစ်−၁၉ ရောဂါပိုး ရှိ/ မရှိ ဓာတ်ခွဲအတည်ပြုနိုင်ရေး ကျန်းမာရေး စစ်ဆေးမှုများပြုလုပ်ပြီး နှာခေါင်းတို့ပတ်နှင့်အာခေါင်တို့ပတ်ကိုရယူကာ ကော့သောင်းခရိုင်မှတစ်ဆင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဓာတ်ခွဲခန်းသို့ပေးပို့ပြီး ရောဂါပိုး ရှိ/မရှိ အဖြေရယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
စိုးဝင်း(ပြန်/ဆက်)