မြဝတီ ဩဂုတ် ၁၂
ကရင်ပြည်နယ်၊ မြဝတီမြို့၏ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၁၁) လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းလွှာ စိစစ်ရွေးချယ် ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မြဝတီခရိုင်ကော်မရှင်အဖွဲ့ခွဲရုံးတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြဝတီခရိုင်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးခင်မောင်ဦးက ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပ နိုင်ရေးအတွက် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၁၁) လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းလွှာ စိစစ်ခြင်းနှင့်စပ်လျဉ်း၍ ခရိုင်ကော်မရှင်အဖွဲ့ခွဲဝင်များမှ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ် (၁၁) ကိုယ်စားလှယ်လောင်း များစိစစ်ရာတွင် သတ်မှတ်ထားသည့်အချက်များအား ရှင်းလင်းဆွေးနွေးပြောကြားပြီး ခရိုင်ကော်မရှင်အဖွဲ့ခွဲဝင်များမှ ကိုယ်စားလှယ်လောင်းတစ်ဦးချင်းစီအား သတ်မှတ်ထားသည့်အချက်များနှင့်အညီ စိစစ်ခဲ့ကြသည်။
အဆိုပါ တင်သွင်းလွှာစိစစ်ရာတွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ညီညွတ်သောဒီမိုကရက်တစ်ပါတီ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ ကရင်အမျိုးသား ဒီမိုကရက်တစ် ပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီတို့မှ (၁) ပါတီလျှင် တစ်ဦးစီဖြင့် လွှတ်တော်ကိုယ်စားလှယ်လောင်း (၇) ဦး၏ အမည်စာရင်းတင်သွင်းလွှာအား စိစစ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မန်းသန်းရွှေမြင့် (ပြန်/ဆက်)