ဆွမ်ပရာဘွမ် ဩဂုတ် ၁၂
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ် အခြေခံပညာအထက်တန်းကျောင်းအတွက် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေးသုံး ပစ္စည်းများဖြစ်သည့် ဘေစင် (၅) လုံး၊ Hand Gel ၂၅ ဘူး၊ လက်ဆေးဆပ်ပြာခဲ ၃၀၀ ခဲတို့အား မြို့နယ် အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီက လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါပစ္စည်းများကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီတာဝန်ခံ ဦးသိန်းဦးက ပေးအပ်ခဲ့ပြီး မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်စန်းနှင့် မြို့နယ်အခြေခံပညာအထက်တန်း ကျောင်းအုပ်ကြီး ဦးသူရိန်ထွန်းတို့ ကလက်ခံခဲ့ခြင်း ဖြစ်ပြီး ဘေစင် (၅) လုံး၊ Hand Gel ၂၅ ဘူး၊ လက်ဆေးဆပ်ပြာခဲ ၃၀၀ ခဲတို့အား ယခု ကျောင်းတက်ရောက်နေသော Grate-10 နှင့် Grate-11 ကျောင်းသား/ ကျောင်းသူ စုစုပေါင်း (၁၂၁) ဦးအတွက် အသုံးပြုသွားမည်ဖြစ်ကြောင်းနှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ တာဝန်ခံ ဦးသိန်းဦးအား ကျေးဇူးတင်ရှိပါကြောင်း မြို့နယ်အခြေခံပညာအထက်တန်း ကျောင်းအုပ်ကြီး ဦးသူရိန်ထွန်း၏ ပြောကြားချက်အရ သိရသည်။
ကုဋေ (ဆွမ်ပရာဘွမ် ပြန်/ဆက်)