ပေါင်းတည် ဇူလိုင် ၁၈
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို ယမန်နေ့မှ ဇူလိုင်လ ၂၅ ရက်နေ့အထိ ၉ က်အတွင်း အင်တိုက်အားတိုက် ဆောင်ရွက်သွားမည်ဖြစ်၍ ယနေ့နံနက်ပိုင်းတွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် အသိပညာပေး စစ်ဆေးခြင်းကို ရန်ကုန်-ပြည် လမ်းဆုံများတွင် အဖွဲ့များခွဲ၍ ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ် မီးသတ်တပ်တပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပြန်/ဆက် ဦးစီးဌာနတို့မှ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်အတွင်း သွားလာနေသူများအား နေအိမ်ပြင်ပသို့ မထွက်ခွာစေရေး အသိပညာပေး စစ်ဆေးခဲ့ကြောင်း သိရသည်။
ချစ်နှင်းသုန်