အင်္ဂပူ ဇူလိုင် ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့၊မြို့မဈေးတွင် ယနေ့ နံနက်၇နာရီ ၃၀မိနစ်အချိန်က ကိုဗစ်- ၁၉ရောဂါကူးစက် ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် နှာခေါင်းစည်းများနှင့် ကိုဗစ်-၁၉ ရောဂါအကြောင်းအသိပညာပေး လက်ကမ်းစာစောင်များကို (အခမဲ့)ဖြန့်ဝေခဲ့သည်။
အဆိုပါနှာခေါင်းစည်းများနှင့် လက်ကမ်းစာစောင်များဖြန်ဝေခြင်းကို အင်္ဂပူမြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့်အရေး ပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မိုး ဦးဆောင်သော မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များမှ ကျန်းမာရေးဝန်ထမ်းမှ မြို့မဈေးအတွင်း ဈေးရောင်း ဈေးဝယ်ပြုလုပ်သူနှင့် အကြောင်းအမျိုးမျိုးဖြင့် နေအိမ်ပြင်ပသွား လာနေသူများအား အပြင်ထွက်လျှင် မဖြစ်မနေ အကာအကွယ် (Mask) တပ်ဆင်သွားလာရေး၊ နှာခေါင်းစည်း (Mask)ကို စနစ်တကျ တပ်ဆင်ကြစေရန်၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များအား လိုက်နာဆောင်ရွက်ကြစေရန် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းနှင့် ပြည်သူများအား နှာခေါင်းစည်း (၁၀၀၀)ခုနှင့် ကိုဗစ်-၁၉ ရောဂါအကြောင်း အသိပညာပေးလက်ကမ်းစာ စောင်(၁၀၀)စောင်တို့အား (အခမဲ့) ဖြန်ဝေခဲ့ကြောင်း သိရသည်။
မန်းကျော်