ကြံခင်းမြို့နယ် လူမှုဖူလုံရေးရုံးက Nong Hyup Micofinance Myanmar ကုမ္ပဏီမှ အလုပ်သမား (၁၁)ဦးအတွက် အကျိုးခံစားခွင့် (၄၀)ရာခိုင်နှုန်း ခွင့်ပြုထုတ်ပေး

ကြံခင်း ဩဂုတ် ၁၂

ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့နယ် လူမှုဖူလုံရေးရုံးမှ ၂၀၁၂ခုနှစ် လူမှုဖူလုံရေးဥပဒေအရ အကျုံးဝင် မှတ်ပုံတင် ထားသော စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများမှ အာမခံအလုပ်သမားများအား ထောက်ပံ့ကူညီမှု အကျိုးခံစားခွင့် (၄၀) ရာခိုင်နှုန်း ခွင့်ပြုထုတ်ပေးခြင်း အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ကြံခင်းမြို့နယ် လူမှုဖူလုံရေးရုံးတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း ယာယီပိတ်သိမ်း ရပ်နားခဲ့ ရသော အကျုံးဝင် မှတ်ပုံတင်ထားသည့် Nong Hyup Micofinance Myanmar ကုမ္ပဏီမှ အလုပ်သမား (၁၁)ဦးအတွက် လူမှုဖူလုံရေး ထောက်ပံ့ကူညီမှု အကျိုးခံစားခွင့် (၄၀)ရာခိုင်နှုန်းအား ထောက်ပံ့ပေးအပ်ခြင်း ဖြစ်ကြောင်း သိရသည်။

ထိုသို့ထောက်ပံ့ကူညီမှု အကျိုးခံစားခွင့် ထုတ်ပေးခြင်းကို ကြံခင်းမြို့နယ် လူမှုဖူလုံရေးရုံးမှ ရုံးခွဲတာဝန်ခံ ဦးစီးအရာရှိ ဒေါ်ဖြိုးဖြိုးနိုင်က Nong Hyup Micofinance Myanmar ကုမ္ပဏီမန်နေဂျာ ဦးရဲကိုကိုအား အလုပ်သမား (၁၁)ဦးအတွက် လူမှုဖူလုံရေး ထောက်ပံ့ကူညီမှု ခွင့်ပြုငွေကျပ် (၇၂၅၃၃၃ဒသမ၃၃)ကို ချက်လက်မှတ်ဖြင့် ခွင့်ပြုထုတ်ပေးခဲ့ကြောင်း သိရသည်။

မိုးမိုး(ပြန်/ဆက်)