ကြာအင်းဆိပ်ကြီးမြို့ မြို့မဈေးအတွင်း၌ အာဖရိကဝက်အပြင်းဖျားရောဂါ အသိပညာပေးခြင်း ဗီနိုင်းပိုစတာကပ်ခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ

ကြာအင်းဆိပ်ကြီး ဩဂုတ် ၁၂

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် အာဖရိကဝက်အပြင်းဖျားရောဂါ ကြိုတင်ကာကွယ်ရေး အသိ ပညာပေးခြင်း ဗီနိုင်းပိုစတာကပ်ခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်းများဖြန့်ဝေခြင်းကို ယမန်နေ့နံနက် ၈ နာရီအချိန်က အမှတ် () ရပ်ကွက်ရှိ ဇမိရတနာဈေးအတွက်၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းကိုဆောင်ရွက်ရာတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာစိုးလွင်နှင့် မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်ချိုနှင့် ဝန်ထမ်းများက ဇမိရတနာဈေးရှိ အသားအရောင်း ဆိုင်အရှေ့တွင် ဗီနိုင်းပိုစတာများကပ်ထားပြီး ဈေးရောင်းဈေးဝယ်ပြည်သူများအား အာဖရိကဝက်အပြင်းဖျား အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း မြို့နယ်ဦးစီးမှူး ဒေါက်တာစိုးလွင်က အသားအရောင်းဆိုင်များအား စားသုံးသူများ ဘေးအန္တရာယ်ကင်းစွာ ဝယ်ယူစားသောက်နိုင်ရေးအတွက် ဖျားနာသေဆုံးသောအသားများကို ရောင်းချမှုမရှိစေရေးအတွက် အသိပညာပေးဆွေးနွေးပြောကြားပြီး အသားအရောင်းဆိုင်များအား လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။

မျိုးမင်းဦး ပြန်/ဆက်