ဧရာဝတီမြစ်ရေ ကျဆင်းချိန်တွင် မြန်အောင်တာမိုင် ၆/၇နှင့်၇/၀အတွင်း လွန်ဆေးမြိုင် ပန်းခြံအနီးနှင့် မြန်အောင်တာမိုင် ၆/၃ မကျီးစုတာ ကမ်းပြိုမှုများ ဖြစ်ပေါ်လျက်ရှိ

မြန်အောင်  ဩဂုတ်  ၁၂

ဧရာဝတီမြစ်ရေကျချိန်တွင် မြန်အောင်တာမိုင် /၇နှင့်၇/၀အတွင်း လွန်ဆေးမြိုင်ပန်းခြံအနီးနှင့် မြန်အောင် တာမိုင် / မကျီးစုတာတို့မှာ ယမန်နေ့က ကမ်းပြိုမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

မြန်အောင်တာမိုင် / မကျီးစုတာ ကမ်းပြိုမှုဖြစ်ပွားသော နေရာတွင် အလျားပေ ၃၀ ခန့်မှာ တာထိပ်အကျယ် ၁၂ ပေခန့်သာ ကျန်ရှိသောကြောင့် မြန်အောင်မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ သဲအိတ်များဖြင့် တာထောက်ခြင်း လုပ်ငန်းပေ ၂၀၀ ခန့် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ဧရာဝတီမြစ်ကမ်းဘေးတွင် နေထိုင်သူများအနေဖြင့် မြစ်ရေကျဆင်းချိန်တွင် ကမ်းပြိုမှုဖြစ်ပေါ်နိုင်သဖြင့် သတိထား နေထိုင်သင့်ကြောင်းနှင့် တာတမံကြံခိုင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးသိန်းဌေးထံမှ သိရသည်။

ဝင်းဗိုလ်မြန်အောင် (ပြန်/ဆက်)