နတ်တလင်း ဇူလိုင် ၁၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ် တာပွန်မြို့တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူများနှင့် ဆက်စပ်လျက် Lock Down နေအိမ်များသို့ တာပွန်သာရေး၊ နာရေးကူညီမှု ပရဟိတ အသင်းကြီးမှ ယနေ့ နံနက်ပိုင်းက စားသောက်ကုန်ပစ္စည်းများ လှူဒါန်းခဲ့ ကြောင်း သိရသည်။
အဆိုပါ လှူဒါန်းရာတွင် ကိုဗစ်- ၁၉ ရောဂါပိုးတွေ့ရှိသူများနှင့် ဆက်စပ်လျက် ရှိသော တာပွန် အရှေ့ပိုင်းနှင့် တာပွန်မြောက်ပိုင်းမှ နေအိမ်(၂၃) အိမ်အား ဆန်၊ ဆီ၊ ဆား၊ အချိုမှုန့်၊ ငရုတ်သီး၊ ကြက်သွန်အစရှိသော စားသောက်ကုန်ပစ္စည်း များကို ပထမအကြိမ် တာပွန်သာရေး၊ နာရေးကူညီမှု ပရဟိတ အသင်းကြီးမှ အသင်းသားများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများက လှူဒါန်းခဲ့ကြပြီး နောင်တွင် လည်း ဆက်လက် လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
ထားထားဦး