ကရသူရိ ဇူလိုင် ၁၆
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ပုံပြင်ပြောပြိုင်ပွဲ၌ ဆုရရှိခဲ့သူအား ဆုချီးမြှင့်ပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီကပြုလုပ်ခဲ့သည်။
ပြိုင်ပွဲကို ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်) မှ ၂၀၂၁ ခုနှစ် မတ်၊ ဧပြီ နှင့် မေလ တွင်ပါဝင် ယှဉ်ပြိုင်ခဲ့ကြသည့် ခရိုင်ရုံး(၇၆)ရုံး ၏ ပုံပြင်များအား ဆုရွေးရွယ်ရေး အဖွဲ့များဖြင့် ရွေးချယ်ခဲ့ရာ ကော့သောင်းခရိုင်၊ ကရသူရိမြို့ရုံးမှ မသီရီထက်စံ (Grade7)ကျောင်းသူသည်"ရောင်ပြန်ဟပ်တဲ့စေတနာ"ခေါင်းစဉ်ဖြင့် ပထမဆုကိုရရှိခဲ့ကြောင်း သိ ရသည်။
အဆိုပါ ဆုရရှိခဲ့သူအားပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်) မှ ဆုငွေကျပ်(၁) သိန်းကို မြို့အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန ၊ မြို့အုပ်ချုပ်ရေးမှူးမှ ဆုချီးမြှင့်ပေခြင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်အေးအေးသန်းမှ ဂုဏ်ပြုမှတ် တမ်းလွှာပေးအပ်ခြင်းနှင့် မြို့ဌာနဆိုင်ရာစုပေါင်းအဖွဲ့များက ဆုငွေ(၅)သောင်းကျပ်ကိုထပ်ဆင့်ဂုဏ်ပြုချီးမြှင့်ပေးခဲ့ကြောင်း သိရ သည်။