ပလောက် ဇူလိုင် ၁၆
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် ဖွင့်လှစ်ရောင်းချလျက် ရှိသော စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ အနေဖြင့် ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်မှုရှိ/မရှိ စစ်ဆေးခြင်းကို ယနေ့ နံနက် ၈ နာရီခွဲက မြို့နယ်တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။
ပလောက်မြို့အတွင်းရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များကို ဆိုင်ထိုင်ရောင်းချခြင်းမှ ပါဆယ် စနစ်ဖြင့်သာ ရောင်းချသွားရန် မြို့စည်ပင် သာယာရေးအဖွဲ့က ညွှန်ကြားချက်များအား အသိပေးဖြန့်ဝေခဲ့ပြီး ဖြစ်ပါသည်။ အဆိုပါ မြိုအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် မြို့စည်ပင်သာယာရေးအဖွဲ့နှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများက ပါဆယ် စနစ်ဖြင့်သာ ရောင်းချရန် ညွှန်ကြားချက်များအား လိုက်နာမှုရှိ/မရှိ လိုက်လံ စစ်ဆေးခဲ့ကြောင်း သိရသည်။
နှင်းမြူလွင်