မြဝတီ ဇူလိုင် ၁၆
မြန်မာထိုင်းနယ်စပ် မြဝတီမြို့၌ ယမန်နေ့ ယမန်နေ့က ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူအသစ် ၇၆ ဦးတွေ့ ရှိပြီး သေဆုံးသူ ၉ ဦး ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူများအား မဲကနယ် ကိုဗစ် positive စင်တာနှင့် ကျောက်လုံးကြီး ကိုဗစ် positive စင်တာတို့ ဖွင့်လှစ်ထားရှိပြီး ကုသပေးလျက်ရှိကာ အထူးကြပ်မတ်ကုသရန်လိုအပ်သည့် လူနာများ အား မြဝတီခရိုင် ပြည်သူ့ဆေးရုံကြီးနှင့် သင်္ဃန်းညီနောင် တိုက်နယ်ဆေးရုံတို့တွင် အထူးကြပ်မတ် ကုသပေးလျက်ရှိကြောင်း သိရသည်။
မြဝတီမြို့တွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါပိုးထပ်မံတွေ့ရှိသူ ကျား ၃၆ ဦး၊ မ ၄၀ ဦး၊ စုစုပေါင်း ၇၆ ဦး တွေ့ရှိကာ တစ်နေ့တည်း သေဆုံးသူ ၉ ဦးရှိပြီး လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသူ ကျား ၂၅၁ ဦး၊ မ ၂၄၃ ဦး၊ စုစုပေါင်း ၄၉၄ ဦးကို လက်ရှိ ကန့်သတ်စောင့်ကြည့် ကုသလျက်ရှိကြောင်း စာရင်းများအရ သိရ သည်။
ထိုသို့ ရောဂါကူးစက်ပြန့်ပွားမှုများ များလာသဖြင့် မြဝတီမြို့အတွင်းရှိ စားသောက်ဆိုင်များအားလုံး ဆိုင်ထိုင်စားသောက်ခြင်းကို တားမြစ်ထားပြီး ပါဆယ်စနစ်ဖြင့်သာ ခွင့်ပြုပေးလျက်ရှိပြီး အခြေခံပညာ ကျောင်းများပါ နှစ်ပတ်ပိတ်ထား လျက်ရှိကြောင်း သိရသည်။
ထို့အပြင် မြဝတီမြို့နယ်အား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ဇူလိုင်လ ၁၂ ရက်နေ့တွင် အမိန့်အမှတ် ၂၈၇/၂၀၂၁ ဖြင့် နေအိမ်တွင်နေထိုင်ရေးအစီအစဉ်တွင် အကျုံးဝင်ကြောင်း သတ်မှတ်ကြေညာ ခဲ့ကြောင်းသိရသည်။
ထိန်လင်းအောင်