ဘုရားသုံးဆူ ဇူလိုင် ၁၆
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့ တွင် ကိုဗစ် ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် အသိပညာပေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ကြိုးစားဆောင်ရွက်လျှက်ရှိပြီး ရောဂါကူးစက်မှုမရှိစေရေးနှင့် ထိန်းချုပ်နိုင်ရေးအတွက် ဘုရားသုံးဆူမြို့ ကြက်ခြေနီတပ်ဖွဲ့မှ ယမန်နေ့ နံနက် ၈ နာရီအချိန်တွင် ဘုရားသုံးဆူမြို့၊ မြို့မစျေးအတွင်းသို့ အသံချဲ့စက် (Hand Speaker)ဖြင့် ကိုဗစ် ၁၉ ရောဂါ အသိပညာပေးခြင်း၊ mask များဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါဆောင်ရွက်မှုများကို ဘုရားသုံးဆူမြို့ ကြက်ခြေနီတပ်ဖွဲ့မှ တပ်ဖွဲ့မှူး ဦးမြင့်နိုင်က ဦးဆောင်၍ တပ်ဖွဲ့များဖြင့် ဘုရားသုံးဆူ မြို့မစျေးအတွင်း စျေးဝယ်သူများအား ကိုဗစ် ၁၉ နှင့်ပတ်သက်သော အသိပညာပေး အကြောင်းအရာများအား ပြောကြားပြီး mask များဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဘုရားသုံးဆူ(ပြန်/ဆက်)