အုတ်ဖို ဇူလိုင် ၁၆
ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူများကို မြို့နယ် ကျန်းမာရေးဦးစီးဌာနက ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ မွန်းလွဲပိုင်းက ကျန်းမာရေးကောင်းမွန်သူ(၃၆)ဦး ဆေးရုံဆင်းခွင့်ရရှိကြောင်း သိရသည်။
မြို့နယ်အတွင်း သီးသန့်ထားရှိရာ နေရာအသီးသီးမှ ကျန်းမာရေးကောင်းမွန်သူ (၃၆)ဦးကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကျန်းမာရေးထောက်ခံချက် ဆေးလက်မှတ် များပေးအပ်ကာ နေအိမ်အသီးသီးသို့ ပြန်ခွင့်ပြုခဲ့ပြီး ၎င်းတို့နေအိမ်တွင် (၇)ရက် ကြာ နေထိုင် ကြရန်နှင့် ကျန်းမားရေးအသိပညာပေး အမှာစကားများ ပြောကြားပေးခဲ့ပြီး လူမှုကူညီရေး အသင်းကားများဖြင့် နေအိမ်များသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အုတ်ဖိုမြို့နယ်တွင် မြို့နယ်ကျန်းမာရေး ဦးစီးဌာန၏ ယမန်နေ့ည ထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ (၇၃၃) ဦးမှ (၁၃၁) ဦး ဆေးရုံဆင်းခွင့်ရရှိကာ သေဆုံးသူ(၁၆ )ဦး ရှိပြီဖြစ်ကြောင်း သိရသည်။
အောင်သူ