တောင်တွင်းကြီး ဇူလိုင် ၁၆
တောင်တွင်းကြီးမြို့နယ်တွင် ရပ်ကွက်/ကျေးရွာများမှ အနံ့မရရှိကြောင်း သတင်းပေးပို့လာ သူများနှင့် ၎င်းတို့နှင့် ထိစပ်သူများအား ယနေ့ နံနက်က RDT Test kit ဖြင့် စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ(၂၅)ဦး ထပ်မံတွေ့ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှသိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ အတည်ပြုလူနာများမှာ မောင်တိုင်(၁)ရပ်ကွက်မှ အမျိုးသမီး(၁)ဦး ၊ မောင်တိုင်(၂)ရပ်ကွက်မှ အမျိုးသား(၁)ဦး နှင့် အမျိုးသမီး(၆)ဦး၊ ရွှေအိုး(၁) ရပ်ကွက် အမျိုးသား(၁)ဦးနှင့် အမျိုးသမီး(၂)ဦး၊ ရွှေအိုး(၂)ရပ်ကွက်မှ အမျိုးသား(၁)ဦးနှင့် အမျိုးသမီး(၁)ဦး၊ စံပြကျေးရွာမှ အမျိုးသမီး(၂)ဦး၊ ကွင်းသာရွာမှ အမျိုးသမီး(၁)ဦး၊ ကံပေးကြီးကျေးရွာမှ အမျိုးသား(၁)ဦးနှင့် အမျိုးသမီး(၁)ဦး၊ သစ်ပုတ်ကုန်းကျေးရွာမှ အမျိုး သား(၁)ဦး နှင့် အမျိုးသမီး(၁)ဦး၊ ဆခတ-၇မှ အမျိုးသား(၂)ဦးနှင့် အမျိုးသမီး(၃)ဦးတို့ ဖြစ်ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
အဆိုပါကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ အတည်ပြုလူနာ(၂၅)ဦးတို့အား မြို့နယ်ကိုဗစ်-၁၉ ကော်မတီ အဖွဲ့၀င်တို့၏ ကြီးကြပ်မှုဖြင့် မြို့နယ်ပြည်သူ့ဆေးရုံ၊ စိတ္တသုခလူမှုကူညီရေးအသင်း၊ ကလျာဏသုခလူမှုကူညီရေးအသင်းယာဉ်တို့ဖြင့် ပရပ်ကြယ်တိုက်နယ်ဆေးရုံရှိ သီးခြား အဆောင်သို့ ပြောင်းရွေ့ပြီးဖြစ်ကြောင်း သိရသည်။
တောင်တွင်းကြီးမြို့နယ်တွင် ယနေ့အထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း (၂၉၀)ဦးရှိပြီဖြစ်ပြီး ကြောင်း သိရသည် ။
နိုင်ဝင်း