ထားဝယ်မြို့၌ အောက်စီဂျင်အိုးများ ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကျင်းပ

ထားဝယ် ဇူလိုင် ၁၆
 
ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများအား ကုသရေးလုပ်ငန်း များ ဆောင်ရွက်ပေးရာတွင် အောက်စီဂျင်အိုး လိုအပ်ချက်များကို အထောက် အကူပြုစေရန် အောက်စီဂျင်အိုးများ ပေးအပ်လှူဒါန်းခြင်း နှင့် Quarantine Center များ၌ တာဝန်ယူဆောင်ရွက်နေကြသည့် လူမှုရေးအသင်းအဖွဲ့များနှင့် ရပ်မိရပ်ဖ များအတွက် စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ပြည်သူ့ဆေးရုံကြီး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
 
အခမ်းအနားတွင် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် သစ်လွင်ထူးက ဂုဏ်ပြု အမှာစကားပြောကြားပြီး တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာအေးသိန်းက ကျေးဇူး တင်စကား ပြောကြားသည်။
 
ထို့နောက် အလှူရှင် ဦးကျော်ထိုက်+ဒေါ်ခင်အေးဝင်း(ဘုန်းဟုန်ကျော်ကုမ္ပဏီ) က (၄၀ လီတာ) ဝင် အောက်စီဂျင်အိုး ၃၀ လုံးကို ပေးအပ်ရာ ပြည်သူ့ဆေးရုံ အုပ်ကြီး ဒေါက်တာမျိုးသူဇာက လက်ခံရယူပြီး ကမ်းရိုးတန်း ဒေသတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် သစ်လွင်ထူးက Quarantine Center များတွင် တာဝန်ယူဆောင်ရွက်နေသော ရပ်မိရပ်ဖနှင့် လူမှုရေးအသင်းအဖွဲ့များအား စားသောက်ဖွယ်ရာများ အား ပေးအပ်ခဲ့သည်။
 
အခမ်းအနားသို့ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် သစ်လွင်ထူး၊ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး ကျော်ဇေယျ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖနှင့် လူမှုရေး အဖွဲ့များ၊ အလှူရှင်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
 
ကျော်ကျော်လတ်