နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉အတည်ပြုလူနာ (၂၂၄ )ဦးရှိပြီဖြစ်

 

နတ်မောက် ဇူလိုင်  ၁၆

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့အတည်ပြုလူနာ ( ၂၂၄ ) ဦးရှိပြီ ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

 

နတ်မောက်မြို့နယ် ပြည်သူ့ဆေးရုံကြီးသို့  ယမန်နေ့ နံနက်ပိုင်းက   လာရောက်သူများ အနက် နတ်မောက်မြို့နယ် ရန်အောင်မြင်ရပ်ကွက်မှ(၁)ဦး ၊အောင်ဆန်းရပ်ကွက်မှ(၁)ဦး၊ မြို့မ ရပ်ကွက် သစ်  ရပ်ကွက်မှ(၁)ဦး၊ မြို့မရပ်ကွက်မှ(၁)ဦး၊ လေးအိမ်ကျေိးရွာမှ(၁)ဦး ၊ ဈေးသာ ကျေးရွာမှ  (၁)ဦး ၊ လဲဘူးကျေးရွာမှ(၁)ဦး၊ အိုင်ပေါက်ကုန်းကျေးရွာမှ(၁)ဦး၊ ရေငံကျေး ရွာမှ(၁)ဦး ၊ သစ်ရာ ကိုင်းကျေးရွာမှ (၁)ဦး ကြူအိုင်ကျေးရွာမှ(၁)ဦး  စုစုပေါင်း( ၁၁ )ဦးတို့တွင် ကိုဗစ်-၁၉ ရောဂါပိုး  (Positive) တွေ့ရှိ ခဲ့ကြောင်းသိရသည်။

 

နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါပိုးတွေ့လူနာ ယနေ့အထိ ( ၂၂၄ ) ဦးရှိပြီး၊  ဆေးရုံမှဆင်း ခွင့်ရရှိသူ( ၇၃ )ဦးအား မိမိနေအိမ်၌ (Home Quarantine )  (၇) ရက်နေထိုင်ရမည်ဖြစ်ကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက မှာကြားခဲ့ကြောင်းသိရသည်။ ကျန်ရှိ ကိုဗစ်-၁၉ အတည် ပြုလူနာ( ၂၇  ) ဦး တို့အား မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် ထားရှိပြီး၊ Covid Centre (2)တွင် ( ၁၂၄  ) ဦးထားရှိ ကြောင်းသိရသည်။ 

 

သင်းသင်းဝေ ( နတ်မောက်)