ပဲခူး ဇူလိုင် ၁၅
ပဲခူးမြို့တွင် ကိုဗစ်-၁၉ရောဂါကူးစက်မှုနှုန်း မဖြစ်ပေါ်စေရေးအတွက် Stay at Home အစီအစဉ်သတ်မှတ်ချက်နှင့်အညီ စိစစ်ကြပ်မတ်ရေး စစ်ဆေးခြင်းကို ယနေ့ နံနက် (၈) နာရီအချိန်က မြို့တွင်းကားလမ်းများတွင် သွားလာသူများစစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိ ရသည်။
အဆိုပါ စိစစ်ကြပ်မတ်စစ်ဆေးရေးအဖွဲ့များဖြစ်သောမြို့နယ် သမဝါယမဦးစီး ဌာနမှ ဦးဆောင်ပြီး ဌာနဆိုင်ရာများ၊ မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အစုံ မီးသတ်အဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များတို့သည် ကိုဗစ်-၁၉ရောဂါ မပြန့်ပွားရေးအတွက် သွားလာ နေသောပြည်သူများအား Mask တပ်စေခြင်း၊ ဆိုင်ကယ်စီးရာတွင် တစ်ဦးထဲသွားလာစေခြင်း၊ ဈေးဝယ်ကဒ်ဖြင့် သွားလာစေခြင်းစသည်တို့ကို မြို့ပေါ်ရှိနေရာအနှံ့အပြား၌ စစ်ဆေးခြင်းနှင့် ကိုဗစ်-၁၉ရောဂါကာကွယ်ရန် အသံချဲ့စက် နှိုးဆော် အသိပေးခြင်းများကို မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး ကော်မတီနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မျိုးငြိမ်း