လောင်းလုံး ဇူလိုင် ၁၅
တနင်္သာရီတိုင်းဒေသကြီး ၊ လောင်းလုံးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါထိန်းချုပ် ကာကွယ်ကုသရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နိုင်ရန်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ယနေ့ နံနက် (၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ထိုက်က ကိုဗစ်-၁၉ရောဂါ တတိယလှိုင်းဖြစ်ပွားမှု ၊ကူးစက်ပြန့် ပွားမှုအခြေအနေနှင့် ပတ်သက်၍ မြို့နယ်အတွင်း ရောဂါထိန်းချုပ်ကာကွယ် ကုသရေးလုပ်ငန်းများ အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်ရန်၊ သတ်မှတ်ထားသော Quarantine Center များကို Community Based Facility Quarantine Center အဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ထားရှိကာ ရောဂါပိုး ပြန့်ပွားမှုမရှိစေရေး ထိန်းသိမ်းကြပ်မတ် နိုင်စေရန် ၊ အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းများအတွက် ကြိုတင်စီမံမှုများ ဆောင်ရွက်နိုင်ရန် တို့ကို ချပြဆွေးနွေးခဲ့သည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် (၁)ဗိုလ်မှူး ရဲမင်းထွန်းက မြို့နယ်အတွင်းကိုဗစ်_၁၉ ရောဂါနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်ထားရမည့် အခြေအနေများကို ဆွေးနွေးပြောကြားပြီး တက်ရောက်လာကြသော မြို့နယ်အဆင့်ဌာနဆိုင်ရာများက အသီးသီးကပြန်လည် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။